ကျိုးချန် - မား တို့ ဘယ်နေ့ ပြန်ကြမှာလဲ ဟင်။
ဒီနေ့ အလုပ်ပိတ်ရက်မို့ ချစ်သူနှစ်ယောက် လျှောက်လည်ရမယ် ထင်ထားတာ။ မနက်ကတည်းက ကိုကို ကလည်း ပါးနဲ့ ဧည့်ခန်းမှာ ထိုင်ပြီး စစ်တုရင် ကစားနေတာ။
အဲ့တော့ ဟင်းချက်နေတဲ့ မား အနားမယောင်မလည်သွားပြီး မေးလိုက်တော့ မျက်စောင်းတစ်ချက်က ဒိုင်းခနဲ
- မားတို့ က သားတို့ကို အနှောင့်အယှက် ပေးနေလို့လား။
ကျိုးချန် - အာ!! အဲ့သဘောမဟုတ်ပါဘူး။
- မားတို့က မနက်ဖြန် ပြန်တော့မှာ။ သားအတွက် အကြော်အလှော်တွေ လုပ်ပေးခဲ့မယ်။ ဟိုက်ခွမ်း ကိုလည်း ကျွေးနော်။
ကျိုးချန် - ဟုတ်ကဲ့ပါ မား။ ဒါနဲ့ အစ်ကိုထျန်းဖေး ကျွန်တော့်ဆီ လာမယ်ဆိုပြီး ကိုကြီးဆီ ဘာလို့ လိုက်သွားရတာလဲ မသိဘူး။
- သားကိုကြီး ရေချိုးမှားပြီး ဖျားနေတယ်ဆိုလို့ အပြေးလိုက်သွားတာလေ။
ကျိုးချန် - နယ်စပ်မှာ အခြေအနေဆိုးနေတာကို သူက ဘယ်လိုတောင် လိုက်သွားတာတုန်း။
ကျိုးချန် တွေးတွေးဆဆ ပြောပြီးမှ တစ်ခုခုကို တွေးမိတာမို့ ပြုံးလိုက်မိသည်။
- အော် ဟိုက်ခွမ်း မိဘတွေ ဘက်ကရော သားတို့ တွဲနေကြတာသိလား။
ကျိုးချန် - သိချင်သိလောက်မှာပါ။ ဒါပေမယ့် ကိုကို့ မှာ လူကြီးချင်း သဘောတူထားတဲ့ သူ ရှိနေတယ်
- ဘယ်လို
ကျိုးချန် - သူကလည်း သားတို့ဆေးရုံကပဲ။ အဲ့တာထက် ကိုကို နဲ့ မားတို့ကို တစ်ခါ မိတ်ဆက်ပေးဖူးသလိုပဲ။
- ဘယ်တုန်းကလဲ မား ဘာမှ မသိဘူး။ အသက်ကြီးပြီဆိုတော့ မေ့ကုန်ပြီ။
ကျိုးချန် - အဟွန်း ဟုတ်ပါပြီ။
ကျိုးချန် ဘာမှ ဆက်မပြောတော့ပဲ မား ကိုသာ ကူညီပေးနေလိုက်သည်။
နေ့လည်စာ စားပြီးနောက်
ဟိုက်ခွမ်း - ကလေး ဆရာတို့ ပြန်တော့မယ်ဆိုတော့ ကိုယ်တို့ ဆရာတို့အတွက် လက်ဆောင် ၀ယ်ပေးဖို့ ကုန်တိုက် သွားကြရအောင်။
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanfictionZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...