ဟိုက်ခွမ်း - Dr.ရီဖန်း
- အိုး အရေးပေါ်ဌာန က ဌာနမှူး က ကလေးဆောင် ကို ဘာအကြောင်းကြောင့် ရောက်လာရတာလဲရှင့်
ဟိုက်ခွမ်း - စကားအပိုတွေ မပြောနဲ့!! မနေ့က လူမှုကယ်ဆယ်ရေး က လာပို့သွားတဲ့ ကလေး ကို ဘာအချက်အလက်မှ မပါပဲ ဒီအတိုင်း လက်ခံလိုက်တယ်ဆို
ရီဖန်း မျက်နှာပျက်သွားသလို ကလေးဆောင်က ဆရာ၀န်တွေနဲ့ သူနာပြုတွေကလည်း ကြည့်နေကြသည်။
- ကျွန်မ က ဆရာ၀န်မို့ လူနာတစ်ယောက်ရဲ့ အသက်က အရေးကြီးတယ်လေ
ဟိုက်ခွမ်း - ဒါဆို ကျွန်တော့်ဆီ ဖုန်းဆက်လေ။
- မနေ့က ဆရာတို့ပဲ ကြိုဆိုပွဲ သွားနေကြပြီး
ဟိုက်ခွမ်း - ကြိုဆိုပွဲ သွားတာနဲ့ ဒီလူနာ case က သက်သက်စီ ပါ Dr.ရီဖန်း
ဟိုက်ခွမ်း - နောက်တစ်ခါ အခုလို အဆင့်မကျော်ပါနဲ့။ OPD ဌာန ဆိုတာ အလကား ထားထား တဲ့ အရာ မဟုတ်ဘူး။
- ဟုတ်ကဲ့ ကျွန်မ နောက်ဆို ဆင်ခြင်ပါမယ် ဆရာ!
လုံး၀ ဒေါသထွက်ကာ မျက်နှာကြီး နီရဲနေသော ဟိုက်ခွမ်း ကြောင့် Dr.ရီဖန်း မှာ အတွန့်မတတ်ရဲတော့ပေ။
ဟိုက်ခွမ်း - ပြဿနာ တစ်စုံတစ်ခု ဖြစ်ရင် Dr.ရီဖန်း မှာပါ တာ၀န်ရှိတာမို့ ဘာပြဿနာ မှ မဖြစ်စေဖို့ ဆုတောင်း ထားလိုက်ပါ။
Dr.ရီဖန်း ကို ကြိမ်းမောင်းလိုက်ပြီးမှ ကလေးအဆောင်မှ ထွက်လာခဲ့လိုက်တော့သည်။
ဟိုက်ခွမ်း ထွက်သွားမှ အားလုံး အသက်ရှူ ချောင်သွားတော့သည်။
- Dr.ရီဖန်း က Dr.ဟိုက်ခွမ်း ဆီက မျက်နှာသာ ရချင်နေတာ
- ဆေးကျောင်းမှာ ကတည်းက Dr.ဟိုက်ခွမ်း အနား အရမ်းကပ်တာဆို။
- အယ် Dr.ဟိုက်ခွမ်း ကို ချစ်ရေး ဆိုသေးတယ်တဲ့။ Dr.က ငြင်းလိုက်လို့ ရှက်ပြီး သူ့မွေးရပ်မြေ ကို ပြန်သွားတာ ၁လ နီးပါးလေ။
ဆရာ၀န်လေးတွေ တီးတိုးပြောသံကြောင့် Dr.ရီဖန်း လက်သီးကို ခပ်တင်းတင်းဆုပ်ကာ အောက်နှုတ်ခမ်း ကို နာနာဖိကိုက်လိုက်သည်။
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanfictionZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...