🍋23🍋 💜 Unicode 💜

55 3 0
                                    

- ပါးပါး မနိုးသေးဘူးလား မသိဘူး။ ၀မ်းကိုကျောင်းပို့ပေးရမှာကို။

- ၀မ်း ပါးပါး က သူ့ချစ်ချစ် ရှိနေပြီဆိုတော့ ၀မ်းကို မေ့သွားပြီလေ

- ဖေဖေလေး မဟုတ်တာ မပြောနဲ့။

ဝမ်း မျက်နှာကြီးဆူပုတ်ကာ ထျန်းဖေးကို စိုက်ကြည့်နေသည်။

- ၀မ်း မနက်စာစားလေ

- ပါးပါး နဲ့ Daddy ကို သွားနှိုးလိုက်အုံးမယ်။

ထမင်းစားခန်းထဲမှ ထွက်သွားပြီး အပေါ်ထပ်ကို တတ်သွားသော ၀မ်းကြောင့် အကုန်ခေါင်းရမ်းမိသည်။

- မေမေလေး ညီငယ်တို့ကို သဘောတူတယ်မလား။

- မေမေလေးက အစကတည်းက သဘောတူပြီသားပါ။ အစက လျှိုချင်းကော ရဲ့ သားထင်ပြီတာ ခွဲခဲ့တာ။ အခုတော့ အရာအားလုံးကို လွှတ်ချနိုင်နေပါပြီ။

- ကျိုးကျိုးရော ဟိုက်ခွမ်းရော ခံစားခဲ့ရတာတွေက ပြီးပါပြီ။

- သားတို့ရော ဘယ်တော့လောက် ပြန်ဖြစ်ကြမလဲ။

- နောက်လထဲ ပြန်ဖို့ စဉ်းစားထားတယ်။ ဆေးရုံဆောက်ဖို့တို့ ဘာတို့ကိုတော့ ဟိုက်ခွမ်း နဲ့ လွှဲထားခဲ့မယ်။ အဆင်ပြေသွားမှ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တော့မယ်။

- ပါး တို့ရော လိုက်ဖို့လိုသေးလား။

- ကျွန်တော်တို့နှစ်ယောက်ကို ခွင့်လွှတ်ပြီး သဘောတူမှ ပါးတို့ကို လှမ်းခေါ်လိုက်မယ်။ ကျွန်တော်တို့ကြောင့် ပါးနဲ့ မားကို စိတ်မဆင်းရဲစေချင်ဘူး။

ထျန်းဖေး စကားကြောင့် ၀မ်မားမား မျက်ရည်တွေ ဝဲလာ တော့သည်။

- မားတို့ အပြစ်တွေပါ။ အမှန်ဆို သားကို မားတို့က သေသေချာချာ တောင်းရမ်းခဲ့ရမှာ။

- မဟုတ်တာ မားရယ်။ ကျွန်တော့် ကို သမက်လိုမဟုတ်ပဲ သားအရင်းတစ်ယောက်လို ချစ်ပေးတာနဲ့တင် ကျွန်တော်က ပျော်နေရတာပါ။

- ကဲပါ မနက်စောစောစီးစီး ငိုနေကြတာ။

ဝမ်ပါးပါး က တစ်ရှူးလေးဖြင့် ၀မ်မားမား မျက်ရည်တွေကို သုတ်ပေးသလို ချန်ရီ ကလည်း ထျန်းဖေး လက်ကို ဆွဲယူပြီး လက်ဖမိုးလေးကို နမ်းရှိုက်လေသည်။

အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]Where stories live. Discover now