ဝရံတာမှာထိုင်ကာ ဆေးလိပ်တွေ တစ်လိပ်ပြီး တစ်လိပ်သောက်နေသော ဟိုက်ခွမ်း
ဖြစ်ပျက်သွားသော ကိစ္စတွေကို တစ်ခုမှ လိုက်မမှီပေမယ့် သူနဲ့ အားချန်က အဖေတူ မအေကွဲ ညီအစ်ကိုတွေ ဖြစ်နေမှန်း သိလိုက်ရတော့ နှလုံးသား တစ်ခုလုံး စုတ်ပြတ်သွားခဲ့ပြီ။
ဘာလို့ သူတို့ကျမှ အခုလို လာဖြစ်ရတာလဲ။ ဘာလို့လဲ။
သူတို့တွေ နယ်တွေကျူးကျော်ခဲ့ကြတယ်။ ကုန်ကုန်ပြောရရင် ကလေးယူဖို့အထိတောင် သူတို့တွေ ကြိုးစားခဲ့ကြတယ်။
- ကိုကြီး
ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ကာ ဆေးလိပ်ကို မီးငြိမ်းလိုက်ပြီး
ဟိုက်ခွမ်း - ဘာကိစ္စလဲ။
- အောက်ထပ်မှာ ပါး နဲ့ မား အကြီးအကျယ် စကားများနေကြတယ်။
ဟိုက်ခွမ်း - အဲ့တာ သူတို့ကိစ္စ
- ကိုကြီး နဲ့လည်း ဆိုင်နေတယ်။ ဘာလို့ ကိုကြီးက ကိုယ့်ညီ နဲ့မှ ချစ်နေရတာလဲ။
ဟိုက်ခွမ်း - လျှိုခွမ်းမေ!!!! နင် ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ။ အားချန် က ငါ့ညီ ဆိုတာ ငါလုံးဝ မသိခဲ့ဘူး။ ငါတို့နှစ်ယောက်လုံး မသိပဲနဲ့ ဖြစ်ခဲ့ကြတာ။
- မားမား အတင်းတားနေကတည်းက ကိုကြီးတို့ နောက်ဆုတ်ခဲ့ရင် အခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ကိုကြီးတို့က ဇွတ်တိုးခဲ့ကြတာ။
ဟိုက်ခွမ်း - အဟက်
ညီမဖြစ်သူ စကားကြောင့် ဟိုက်ခွမ်း ခြောက်ကပ်ကပ် ရယ်လိုက်မိသည်။
ဟိုက်ခွမ်း - လူတစ်ယောက်ကို နှလုံးသားတစ်ခုလုံး ပေးအပ်ပြီး နင့်နင့်သီးသီး ချစ်ဖူးလား ခွမ်းမေ။ နင် မချစ်ဖူးသေးပဲ အဲ့စကား မပြောနဲ့။ တစ်နေ့ကျ နင် ချစ်တဲ့ လူနဲ့တွေ့လာရင် နင် သိလာလိမ့်မယ်။
ဟိုက်ခွမ်း - ငါကလေ ကျိုးချန် ကို ဆေးကျောင်း စတတ်ကတည်းက ချစ်ခဲ့တာ။ ချန်ရီ ရဲ့ ညီမှန်း သိကတည်းက ချစ်ခဲ့တာ။ ငါ့အချစ်က မနေ့တစ်နေ့ကမှ ချစ်ခဲ့တဲ့ အချစ်မဟုတ်ဘူး။ ၁၀နှစ်လောက်ထိ တိတ်တခိုးချစ်လာရတဲ့ အချစ်!! သူကတာ ငါ့အချစ်ဉီးနဲ့ အချစ်ဆုံး!!! အခုတော့ အခုတော့....
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanficZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...