ဟိုက်ခွမ်း - Ph.D ထပ်ယူဖို့ ပြင်နေတယ်ဆို။
- အင်း နောက်အပတ်ထဲ ငါ သွားရတော့မယ်။
ဟိုက်ခွမ်း - ကျိုးချန် ကို ပြောပြီးပြီလား။
- သွားခါနီးမှ ပြောတော့မယ်။ ဟိုက်ခွမ်း ငါ့ညီကို မင်း သေချာစောင့်ရှောက်ပေးပါ။
ဟိုက်ခွမ်း - မပူပါနဲ့ ကိုယ်ဖိရင်ဖိ ကို စောင့်ရှောက်ပေးမယ်။
- မင်းရော ဘယ်အချိန်ကျမှ ဖွင့်ပြောမှာလဲ။
ဟိုက်ခွမ်း - ငါ ရင်းနှီးမှု ရအောင်ယူပြီးမှ ဖွင့်ပြောတော့မယ်။
- အင်း အင်း
ချန်ရီ နဲ့ စကားတွေ အများကြီးပြောဖြစ်ပြီးနောက် ညဥ့်လည်း နက်လာပြီမို့ ချန်ရီ ကမပြန်တော့ဘဲ ဟိုက်ခွမ်း အခန်းမှာတာ အိပ်လိုက်တော့သည်။
တစ်ဖက်အခန်းက ကျိုးချန်မှာတော့
ကျိုးချန် - သူတို့နှစ်ယောက် ဘာတွေများ ပြောနေကြမလဲ။ ကိုကြီး က Dr. ဖုန်းပြောရင် ပြုံးလို့။ မဟုတ်မှ သူတို့က ချစ်သူတွေများလား။
ကျိုးချန် - ဟာ ငါဘာတွေ တွေးနေမိတာလဲ။
ကိုယ်ခေါင်းကို ကိုယ်ထုကာ
ကျိုးချန် - အိပ်တော့မယ် အိပ်တော့မယ် မနက် အလုပ်သွားရမယ်။
အိပ်ယာထက်လှဲချကာ စောင်ကို ခေါင်းမြီးခြုံလိုက်ပြီးနောက်မှာတော့ အိပ်ပျော်အောင် အိပ်လိုက်တော့သည်။
🍋🍋🍋🍋🍋🍋🍋🍋🍋
ရက်တွေ တဖြည်းဖြည်းကုန်ဆုံးလာပြီးနောက် ကျိုးချန် နဲ့ ဟိုက်ခွမ်း လည်း အတော်အတန် ရင်းနှီးလာပြီ။ရင်းနှီးလာတဲ့အမျှ သူတို့ကို ဆေးရုံက လူတွေက လိုက်ဖက်တဲ့ စုံတွဲဆိုပြီး ပြောဆိုကာ Ship နေကြသည်။
အသေးအဖွဲကအစ လိုက်ပြီး ဂရုစိုက်တတ်သော ဟိုက်ခွမ်း နဲ့
ဟိုက်ခွမ်း ရဲ့ ဂရုစိုက်မှုတွေကြား ပျော်မွေ့နေသော ကျိုးချန် မှာလည်း ရင်ခုန်သံတွေ
ဝုန်းဒိုင်းကျဲဟိုက်ခွမ်း - ကျိုးချန် မနက်ဖြန် ပိတ်ရက် ဘာလုပ်စရာ ရှိလဲ။
YOU ARE READING
အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]
FanficZawgyi လူကြီးတွေရဲ့ အတ္တတွေကြားထဲ လူငယ်တွေရဲ့ နှလုံးသားက မြေစာပင် ဖြစ်ရမှာလား...... မချစ်လို့ မဟုတ်ဘူး။ ချစ်ရက်နဲ့ လမ်းခွဲပေးလိုက်ရတာပါ။ ဒီရင်ဘက်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သပ်နေပါပြီ။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အမုန်းတွေ အတ္တတွေကို လျှော့ပေးကြပ...