🍋9🍋 💜 Zawgyi 💜

114 18 0
                                    

ကျိုးချန် - အေးလိုက်တာ!!!

၀ရံတာမှာ ရပ်နေသော သူ့အနားကို လာရပ်တဲ့ ကောင်လေး ကို ကြည့်ပြီး

ဟိုက်ခွမ်း - ရော့ ရေနွေးပူပူလေး သောက်လိုက်။

ကမ်းပေးလာတဲ့ ရေနွေးခွက်ကို လှမ်းယူလိုက်ပြီး

ကျိုးချန် - ကျေးဇူး

ဟိုက်ခွမ်း - အောက်က အထူတစ်ထည် မခံဘူးလား။ Duty Cote လေးနဲ့ အဆင်မပြေဘူးလေ။

ကျိုးချန် - ကျွန်တော်ကြားဖူးတာက နယ်စပ်က သိပ်မအေးဘူး ဆိုပြီးလေ။ အခုတော့ ဆောင်းတွင်းကို မိုးကပါ ရွာတော့ ပိုအေးတယ်။

ဟိုက်ခွမ်း - တောင်ပေါ်ဒေသဆိုတော့ ဒီဘက်က ပိုအေးတယ်။ အ၀တ်အစားကို သေချာမထည့်လာဘူး။

ကျိုးချန် - ကိုကို ရှိနေတာပဲ ဘာမှ ပူစရာမလိုဘူး။

ဟိုက်ခွမ်း - စကား တတ်တိုင်း!!

အုန်း!!!!!

နှစ်ယောက်သား စကားပြောနေကြတုန်း အုန်းခနဲ အသံကျယ်ကြီး ကြားလိုက်ရသည်။

ကျိုးချန် - ဘာဖြစ်တာလဲ။

ဟိုက်ခွမ်း - တစ်ခုခု ဖြစ်တာနေမှာ။

ထိုအချိန် သူတို့ရဲ့ ဆေးရုံ အတွင်း ရောက်ရှိလာသော အရေးပေါ် ကားသံများ

- Dr.လျှို ဗုံးမှန်တဲ့ လူနာတွေ ရောက်လာကြတယ်။

ဟိုက်ခွမ်း - လာပြီ

ကျိုးချန် လက်ထဲက ရေနွေးခွက်ကို ချလိုက်ပြီး ဟိုက်ခွမ်းတို့ အနောက် ပြေးလိုက်သွားသည်။

သူတို့ ဆေးရုံထဲ ရောက်တော့ သွေးသံတရဲရဲ နဲ့ လူနာတွေဟာ နာလွန်းလို့ အော်ညီးနေကြသည်။

ကျိုးချန် - သွေးတိတ်အောင် အရင်လုပ်ရမယ်။ ဆရာမ ကျွန်တော့်ကို ကူညီပေး

ကျိုးချန် လက်အိတ် ၀တ်ဆင်ပြီးနောက် ဗုံးထိပြီး လက်ပြတ်ကာ အသားတွေ ဖွာလန်ကျဲနေသော လူနာကို စတင် ကြည့်ရှု့လိုက်သည်။

ကျန်တဲ့လူတွေနဲ့ သူအလုပ်နဲ့ သူ ရှုပ်​နေကြသလို လူနာတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတာ မနည်းမနော

အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]Where stories live. Discover now