🍋6🍋 💜 Zawgyi 💜

182 24 1
                                    

- အယ် အချစ်ငှက်ကလေးတွေ လာပါပြီ

ရှေ့ဆင့်နောက်ဆင့်၀င်လာသော ကျိုးချန် နဲ့ ဟိုက်ခွမ်း ကို ပြုံးတုံ့တုံ့နဲ့ ကြည့်ကာ စနောက်နေကြသော ဆရာ၀န်တွေနဲ့ သူနာပြုလေးတွေကြောင့်

ဟိုက်ခွမ်း - ကိုယ့်အလုပ် ကိုယ်လုပ်ကြစမ်း။

- ဟုတ်ကဲ့ခေါင်းဆောင် ဟီး

မာန်လိုက်တာတောင် မျက်နှာပိုးမသတ်ကြသော သူတွေကြောင့် ဟိုက်ခွမ်း ခေါင်းရမ်းလိုက်သည်။ အနောက်က ကောင်လေးကို ကြည့်လိုက်တော့လည်း ခေါင်းကို ကြမ်းပြင်ထဲ ၀င်တော့မတတ် ငုံ့ထားလေသည်။

ဟိုက်ခွမ်း - အဟမ်း ညနေ အစည်းအဝေး ရှိတယ်။ ဒီတစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ လူနာတစ်ယောက်ချင်းစီ ရဲ့ Case တွေကို စာတမ်းပြုစုထားကြ။

- ဟမ်!!

ကျိုးချန် - Dr.ဟိုက်ခွမ်း အစည်းအဝေး အမှီ ပြီးမယ်မထင်ဘူးနော်။

ဟိုက်ခွမ်း - အရေးပေါ်ဌာနမှာ လူတွေ ဒီလောက်များတာ။ ခွဲလုပ်ရင် ပြီးတယ်။ CME အတွက်ပါ ပြင်ထားပါ။
(CME = Continuing Medical Education)

- ဟုတ်ကဲ့ ခေါင်းဆောင်

အားလုံး လူစုခွဲကာ ကိုယ့်အလုပ်ကိုယ်သာ လုပ်နေကြတော့သည်။ ကျိုးချန် ကလည်း သူမသိတာတွေဆို ဘေးက ဆရာ၀န်ဆီမှာ မေးနဲ့

- ဒီလူနာ က အဲ့တုန်းက အက်ဆီးဒန့် ဖြစ်ပြီးရောက်လာတာ။ နံရိုး၅ချောင်းကျိုးသွားပြီး မျက်နှာတစ်ခြမ်း စုတ်ပြတ်သတ်သွားတာ။

ကျိုးချန် - ​အိုး

- Dr.ကျိုးချန် မရောက်ခင် ၂ပတ်အလိုကမှ ဆေးရုံဆင်းသွားတာ။

ကျိုးချန် - အော်

ဘေးကဆရာ၀န်ရဲ့ ရှင်းပြချက်တွေကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသော ကောင်လေးကို သီးသန့်ရုံးခန်းထဲမှ ကောင်လေးက ပြုံးကာ ကြည့်နေသည်။
🍋🍋🍋🍋🍋🍋🍋🍋🍋
ဟိုက်ခွမ်း - ဒီတစ်လလုံးမှာ ကျွန်တော်တို့ အရေးပေါ်ဌာနကို အက်ဆီးဒန့် ဖြစ်ပြီး ရောက်လာတဲ့ လူဦးရေ စုစုပေါင်း ၁၂၁ ယောက် ရှိပါတယ်။ 50% လောက်က အခြေအနေ သိပ်မဆိုးဝါးပေမယ့် 30% လောက်က အခြေအနေဆိုးဝါးပြီး ကျန် 20% က သေဆုံးလူဦးရေ ပမာဏ ဖြစ်ပါတယ်။

အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]Where stories live. Discover now