🍋21🍋 💜 Zawgyi 💜

150 18 5
                                    

- ပါးပါး ကစားကွင်း သွားမှာဆို။

ကျိုးချန် - ဟုတ်တယ်လေ

- အခုက ဘယ်သွားနေတာလဲ ကစားကွင်း သွားတဲ့လမ်း လည်းမဟုတ်ဘူး။

ကျိုးချန် - ဦးဦးတစ်ယောက်ကလည်း လိုက်ချင်တယ်ပြောလို့။ အဲ့တာ ပါးပါး က ၀င်ခေါ်တာ။

- ဟွန်း အဲ့ဦးဦး က တစ်ယောက်တည်း မသွားရဲလို့လား။

ကျိုးချန် - သူမှာသွားစရာအဖော်မှ မရှိတာ။ ပြီးတော့ အဲ့ဦးဦး က အခုမှ ဒီကို စပြောင်းလာတာ။ ဦးဦးချန်ရီ နဲ့ပါ ရင်းနှီးသလို ပါးပါး နဲ့ပါ ရင်းနှီးတယ်။

- အော်

၀မ်း က ဘာမှ ထပ်မပြောတော့ပဲ ပါလာသော ဂျယ်လီကိုသာ ဆက်စားနေတယ်။

ကျိုးချန် - သမီး  ပါးပါး က အကြောင်းတစ်ခုခုကြောင့် သမီးကို Daddy သေပြီလို့ ညာထားတာ သမီးသိရင် ပါးပါး ကို စိတ်ဆိုးမှာလားဟင်။

- ဟင်!! Daddy က Daddy က

ကျိုးချန် - သမီးDaddy သက်ရှိထင်ရှား ရှိနေတုန်းပဲ။ 

- .......

၀မ်း ကတော့ ကျိုးချန် ကိုတာ အံ့သြတကြီး ကြညိ့နေရှာသည်။

ကားလေးက ခြံ၀န်းတစ်ခုသို့ ချိုး၀င်လိုက်သည်။ ဘန်ဂလို လေးတွေပုံစံ ဆောက်ထားသော အဆောက်အအုံတွေဘက် တလှိမ့်လှိမ့်သွား ရင်း အပြာနုရောင်လေး ဆေးသုတ်ထားသော ဘန်ဂလိုလေးရှေ့ ကားကို ထိုးရပ်လိုက်သည်။

ကျိုးချန် - ဒီအိမ်ထဲက ထွက်လာမဲ့ သူက သမီးရဲ့ Daddy ပဲ

၀မ်း က တံခါးပိတ်ထားသော အိမ်လေးကိုသာ မမှိတ်မသုန်စိုက်ကြည့်နေသည်။ မကြာပါ ခနနေတော့ ထိုအိမ်ထဲမှ လူတစ်ယောက် ထွက်လာခဲ့သည်။

ရှပ်အင်္ကျီလက်ရှည် ရေညှိစိမ်းကို တံတောင်ဆစ်ထိ ခေါက်တင်ထားပြီး စတိုင်ပန်ဘောင်းဘီ အမည်းရောင်ဖြင့် တွဲဖက်ကာ ၀တ်ဆင်ထားသော သူသည် အသက် ၃၀ကျော် ၄၀ နားကပ်နေပြီ ဖြစ်နဲ့ သူလို့ ပြောရင် ယုံကြမလားတော့ မသိဘူး။

ကျိုးချန် ကားပေါ်က ဆင်းလိုက်သလို ၀မ်းကလည်း ကားပေါ်က အမြန်ဆင်းလိုက်သည်။

အမုန်း-အတ္တကြားမှ ပေါက်ဖွားလာသော နှလုံးသားတစ်စုံ [ Complete ]Where stories live. Discover now