""Hello နွယ်နီ""
""အင်း ကိုယံပြော""
""ဒီနေ့ နင့်မီးဆရာကလာရောလာအုံးမှာလား ငါဒီမှာဆေးရုံမသွားပဲနဲ့ကို စောင့်နေတာနော်""
""အင်း နွယ်လဲဆက်ဆက်သွားလိုက်ဖို့ ပြောတော့ပြောထားတာပဲ""
""အင်းပါ ငါဆက်စောင့်ကြည့်လိုက်အုံးမယ်""
ဒီနေ့မှမီးဆရာမလာရင် ကျွန်တော်ဟိုလူ့ကိုသွားပြီးခယနေရအုံးမယ်
ကျွန်တော်ဒီနေ့မနက်နိုးထဲက ဟိုလူ့ကိုမတွေ့သေးတာ သူကကျွန်တော့်အခန်းကို မီးပြင်ပေးမယ်ဆိုတော့ သူ့အလုပ်က လျှပ်စစ်အင်ဂျင်နိယာများလား
ဘာပဲဖြစ်ဖြစ်မီးဆရာလာတဲ့အထိတော့ ဆက်စောင့်နေရအုံးမှာပဲ မလာတော့မှ သူ့အခန်းတံခါးကိုသွားခေါက်လိုက်တော့မယ်
ဒီမှာလဲ ကျွန်တော်နဲ့သိတာဆိုလို့ မျက်နှာကြောမတည့်ပေမဲ့ သူတစ်ယောက်ပဲရှိတာကိုး။
သူကကောင်းထက်နိုင်နဲ့တူပေမဲ့ ကောင်းထက်နိုင်လိုတော့ ကျွန်တော့်အပေါ်အနွံတာမခံဘူး။
ကျွန်တော်ဘာလို့သူ့ကိုကောင်းထက်နိုင်နဲ့ယှဉ်နေမိတာပါလိမ့် ကောင်းထက်နိုင်နဲ့ယှဉ်ရင် သူကနံ့သာဆီနဲ့အီး။
>>>>>>>>>>>>>>>>>>>>>>>>>
""အဟွစ်! အဟွစ်!""
ဝီလျှံက ဒေးနောက်ကြောကိုပွတ်ပေးလိုက်ပြီး""ဟိတ်ရောင် ဖြေးဖြေးစား လေယာဉ်ပေါ်မှာနော် ခရီးသည်တွေလန့်ကုန်အုံးမယ်""
""ငါသိပါတယ်""ဒေးက breakfastဆက်မစားတော့ပဲလေယာဉ်ပဲ့ကိုကိုင်ပြီးလေယာဉ်မောင်းတာကိုပဲ အာရုံစိုက်ထားလိုက်တော့သည်
ဒီနေ့flightကမနက်၃နာရီမို့ဒေးကအစောကြီးထလာရပြီးbreakfastကိုလဲလေယာဉ်ပေါ်မှာပဲစားရသည်
လေယာဉ်မှူးအလုပ် ဆရာဝန်အလုပ်နဲ့တူတယ်
ကျွန်တော်တို့နှစ်ယောက်လုံးက ဘာကြောင့်ခက်ခဲတဲ့လမ်းကိုပဲရွေးချယ်မိခဲ့ကြတာပါလိမ့်။ကံကြမ္မာဖန်တီးလို့သက်ဝေယံနဲ့နောက်တစ်ခါပြန်တွေ့ခဲ့ရင်ကျွန်တော်သူ့ကိုဒီမေးခွန်းမေးဖြစ်အောင်မေးမယ်
YOU ARE READING
ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)
Romanceဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ