ယံမှာလဲ တစ်ရက်,တစ်ရက်ဟိုလူပြန်ရောက်မရောက်ကို အခန်းပြင်ထွက်ပြီးကြည့်နေရတာ အလုပ်တစ်လုပ်။
သုံးရက်ရှိပြီ ဒီနေ့ကယံနားရက်မို့ ဟိုလူပြန်ရောက်လာဖို့ကို ပိုပြီးမျှော်လင့်မိတယ်
ဒီနေ့သာရောက်မလာရင်သူပြန်လာတဲ့နေကျရင် ယံကအလုပ်တစ်ရက် ထပ်ပျက်ရအုံးမှာ။
serviceကြိုးတွေက ဝယ်ပြီးသားဖြစ်နေပေမဲ့ ကိုယ်ကိုယ်တိုင် လက်တည့်စမ်းပြီးတော့လဲမလုပ်ရဲ။
မတတ်တစ်ခေါက်နဲ့လုပ်လိုက်လို့ ဟိုတစ်ခါတုန်းကလို မီးလန့်သွားရင် ကျွန်တော်ပဲဒုက္ခအကြီးအကျယ်ရောက်မှာ။
ယံက သူ့အခန်းတံခါးကိုမှီပြီး မျက်နှာချင်းဆိုင်က လေယာဉ်ပျံပုံကို တွေတွေကလေးစိုက်ကြည့်နေမိသည်
အရင်တုန်းကအဝေးမှာကျန်ခဲ့တဲ့ကောင်းထက်နိုင်ကို တမ်းတပြီးလွမ်းနေရပေမဲ့ အခုတော့ ကျွန်တော့်အနီးနားမှာရှိတဲ့လူတစ်ယောက်ကို မသိစိတ်ကနေတမ်းတနေမိပြန်သည်
ကျွန်တော်ဘာတွေဖြစ်နေတာလဲ ကျွန်တော့်ကိုကျွန်တော့်လဲနားမလည်နိုင်တော့ဘူး။
ယံကအခန်းတံခါးဖွင့်ပြီးသူ့အခန်းထဲသူပြန်ဝင်မယ်လုပ်တော့မှ ဟိုလူကLV mini luggageလေးကိုဆွဲပြီး လှေကားပေါ်တက်လာသည်
ယံကအထဲမဝင်သေးပဲ တံခါးကိုပြန်ပိတ်ပြီး အခန်းတံခါးရှေ့မှာ လက်နှစ်ဖက်ကိုဟန်ပါပါပိုက်ပြီး ရပ်နေလိုက်တယ်
ဟိုလူက ကျွန်တော့်ရှေ့ရောက်တာတောင် ကျွန်တော့်ကိုမျက်ကွယ်ပြုပြီး သူ့အခန်းတံခါးသူဖွင့်ပြီး ဝင်ဖို့လုပ်နေတယ်
ယံကစိတ်တိုသွားပြီး သူ့အခန်းတံခါးကို လက်တစ်ဖက်နဲ့ထောက်ပြီးသူ့ရှေ့မှာဝင်ရပ်လိုက်တယ်
""ခင်ဗျား ဒါဘယ်ကပြန်လာတာလဲ!""
""အလုပ်ကပေါ့""
အလုပ်ကတော့သိတာပေါ့ သူ့အလုပ်ကဘာအလုပ်မို့ ညအိပ်ညနေသွားနေရတာလဲ။
ဒေးက သူ့ပုခုံးလေးကိုအသာတွန်းဖယ်လိုက်ပြီး""ဖယ်ပါ! ကိုယ်ပင်ပန်းလာတယ် အိပ်ချင်ပြီ""
YOU ARE READING
ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)
Romanceဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ