Part30(Uni/ZG)

4.7K 195 4
                                    

နောက်ဆုံးတော့ မြဲမြဲရဲ့ဦးနှောက်အကြိတ်ကင်ဆာကို ခွဲစိတ်ကုသရမဲ့ရက်ရောက်လာခဲ့ပြီ

""မြဲမြဲ ဘာမှမကြောက်နဲ့နော် မြဲမြဲနှစ်နာရီလောက်ပဲအိပ်နေလိုက် မြဲမြဲနိုးလာတဲ့ခါကျရင် အရင်လို ခေါင်းတွေကိုက်တော့မှာမဟုတ်ဘူး""

""ဒါပေမဲ့သူတို့ကမြဲမြဲရဲ့ခေါင်းကြီးကိုခွဲကြမှာလေကိုကိုယံ အဲ့ကျရင်မြဲမြဲကပြန်နိုးလာချင်မှနိုးလာတော့မှာ""

ယံကမြဲမြဲကိုအားပေးနှစ်သိမ့်ရင်းသူပါ မျက်ရည်တွေဝဲလာသည်

""နိုးလာရမှာပေါ့ မြဲမြဲရဲ့ ကိုကိုယံကမြဲမြဲထွက်လာတဲ့ထိကို အပြင်မှာစောင့်နေမှာ""

""ဟင့်အင်း မြဲမြဲမခွဲစိတ်ချင်တော့ဘူး မြဲမြဲအခုဆိုရင် ဖေဖေမေမေတို့နဲ့လဲတွေ့လို့ရနေပြီ မြဲမြဲဒီတိုင်းလေးပဲနေချင်တော့တယ်""

မြဲမြဲရဲ့မိဘတွေက operationအခန်းဝမှာရပ်ပြီးစိတ်မ‌ကောင်းဖြစ်နေကြတယ်

သူတို့ကမြဲမြဲအနားရောက်လာကြပြီး""သား ခိုင်မြဲလေး ခွဲစိတ်လိုက်ပါနော် သားလေးခွဲစိတ်လိုက်ရင် မေမေဖေဖေတို့နဲ့အကြာကြီးနေလို့ရသွားမှာ သားဖေဖေမေမေတို့နဲ့အကြာကြီးနေချင်တယ်မလားဟင်""

""ဟုတ်ဖေဖေနဲ့မေမေ""

""ကိုကိုယံ မြဲမြဲကိုကတိပေး""

""ဘာကတိလဲမြဲမြဲ""

""မြဲမြဲခွဲစိတ်ခန်းကထွက်လာရင် ကောင်းကင်ပေါ်မှာ လေယာဉ်ပျံကြီးစီးရမယ်ဆိုတဲ့ကတိ""

""ပေးပါတယ် ကိုကိုယံအဲ့ဒီ့ကတိကိုပေးပါတယ်""

""မြဲမြဲလဲ ကိုကိုယံဆီပြန်လာမယ်ဆိုတဲ့ကတိကိုပေးတယ်မလားဟင်""

""ပေးပါတယ်ကိုကိုယံ""

အချိန်ကျတော့nurseတွေနဲ့ ခွဲစိတ်ပါရဂူကြီးတွေက မြဲမြဲကိုoperationခန်းထဲခေါ်သွားကြသည်

ယံကoperationခန်းဝကခုံတန်းလေးမှာထိုင်လိုက်ပြီး ရင်ဘတ်ပေါ်လက်တစ်ဖက်နဲ့ဖိလိုက်တယ် ဘာလို့မှန်းမသိ ကျွန်တော့်စိတ်တွေလေးလံနေတယ်

>>>>>>>>>>>>>>>>>>>>>>>>

ဒေးကရှုံ့အိတ်လေးနဲ့ထည့်ထားတဲ့ပန်းနု‌ရောင်ဆာကူရာပန်းကြွေလေးတွေကိုကြည့်ပြီး တစ်ချက်ပြုံးတယ်

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now