မောင်က ကျွန်တော်အလည်အပတ်အသွားချင်ဆုံး ဆွစ်ဇာလန်နိုင်ငံကို အပျော်ခရီးလိုက်ပို့ပေးတယ်
Hotelအခန်းထဲရောက်တာနဲ့ယံက ပြတင်းပေါက်လိုက်ကာတွေကိုဆွဲဖွင့်လိုက်တယ်
ဇန်နဝါရီလဆန်းဖြစ်တာကြောင့် hotelပြတင်းကနေမြင်နေရတဲ့ ဆွစ်ဇာလန်နိုင်ငံဇူရစ်မြို့ရဲ့ ခေါင်မိုးချွန်အိမ်ကလေးတွေပေါ်မှာ နှင်းမှုန်လေးများက ဖုံးလွှမ်းနေသည်
စိမ်းစိုခြောက်သွေ့တဲ့ရာသီဥတုမှာ တောင်တန်းစိမ်းစိမ်းတွေဆီက ဖြတ်သန်းလာတဲ့လတ်ဆတ်တဲ့လေနုအေးလေးတွေက မှန်ပြတင်းကနေဝင်ရောက်လာတယ်
ဒေးကမွေ့ယာပေါ်ကစောင်ကိုဆွဲယူလိုက်ပြီး ယံကိုယ်လေးကို အနောက်ကနေပတ်ခြုံပေးလိုက်တယ်
""အေးတယ်ယံ လေသိပ့်မခံနဲ့ ဖျားနေလိမ့်မယ်""
ယံကသူနဲ့မျက်နှာချင်းဆိုင်လိုက်ပြီး""မောင် ကျွန်တော်တို့ဇူရစ်ကိုရောက်ပြီဆိုတော့ ကျွန်တော်အရင်ဆုံး ဇူရစ်ခ်ျရေကန်ကို အရင်သွားကြည့်ချင်တယ်""
လေယာဉ်က14နာရီကြာအောင်စီးခဲ့ရတဲ့အပြင်ဆောင်းရာသီဖြစ်နေတာကြောင့် နေ့တာတိုပြီးညတာရှည်တဲ့ဆွစ်ဇာလန်မှာ လေယာဉ်ဆိုက်တဲ့အချိန်ကပင် ည၁၀နာရီထိုးနေပြီ
""မောင်မနက်ကျလိုက်ပို့ပေးမယ်နော် ယံအခုပင်ပန်းလာတယ်လေ နားလိုက်တော့""
""ဟင့်အင်းမောင် ကျွန်တော်ကမနက်ကျရင် မှန်ရထားစီးပြီးနိုင်ငံပတ်ချင်တာ အခုလိုက်ပို့ပေးပါနော်""
""ဟိုမယ်လေမောင် ပြတင်းပေါက်ကနေ ဇူရစ်ချ်ကန်ကိုမြင်နေရတယ် ကျွန်တော်တို့တည်းတဲ့hotelနဲ့ကနီးနီးလေးပဲဥစ္စာ ဘယ်လောက်မှမကြာပါဘူး""
ဒေးကသက်ပြင်းချလိုက်ပြီးluggageကိုသွားဖွင့်တယ် နဂိုထဲကအေးမယ်ဆိုတာကြိုသိနေတာမို့တစ်ခါထဲထည့်ယူလာတဲ့ရေမြှုပ်အိင်္ကျီကိုထုတ်လိုက်ပြီး ယံကိုယ်မှာဝတ်ပေးလိုက်တယ်
အနက်ရောင်ရေမြှုပ်အိင်္ကျီထဲ ပျောက်သွားတဲ့ယံကိုယ်လေးက ပင်ဂွင်းလေးလိုချစ်စရာကောင်းနေတယ်
YOU ARE READING
ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)
Romansaဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ