Part16(Uni/ZG)

5.1K 225 4
                                    

ခွန်းကsupermarketတစ်ခုမှာ ဈေးဝယ်ထွက်နေတုန်း ခွန်းအနောက်ကနေ တစ်ယောက်ယောက်လိုက်နေသလိုခံစားနေရတယ်

ခွန်းရဲ့‌ဆွဲခြင်းလေးထဲမှာသရေစာတွေနဲ့ပြည့်နေသည် ခွန်းကsnackတွေကိုအရမ်းကြိုက်တယ် အမြဲဈေးဝယ်ထွက်တိုင်းsnackတွေပဲဝယ်တယ်

ခွန်းကအနောက်လှည့်ကြည့်ပြီး စိတ်မလုံခြုံသလိုခံစားရတာကြောင့် ကိုယ်ကိုမုန့်စင်နဲ့ကွယ်ပြီးပုန်းနေလိုက်တယ်

ဝီလျှံကခေါင်းကိုဘယ်ညာလှည့်ပြီးရှာနေတယ်
""ဘယ်ပျောက်သွားတာလဲ ဒီနားလေးတင်တွေ့လိုက်တာပါ""

ရုတ်တရက်ခွန်းက သူ့နောက်ကျောကနေပေါ်လာပြီး""ဟိတ်လူ ခင်ဗျားဘာလို့ကျွန်တော့်နောက်ကိုလိုက်နေတာလဲ!""

ဝီလျှံကနောက်လှည့်ကြည့်လိုက်ပြီး""ကိုယ်ခွန်းနောက်ကို လိုက်နေတာမဟုတ်ဘူးနော် ကိုယ်ဈေးဝယ်ထွက်လာတာ""

""အဲ့တာဆိုဘယ်မလဲဆွဲခြင်း ဘယ်မလဲခင်ဗျားဝယ်ထားတဲ့ပစ္စည်း""

""ကိုယ်အခုမှရောက်တာ အခုမှဝယ်မလို့ပဲရှိသေးတာ""

""အဲတာဆိုလဲပြီးရောလေ ကျွန်တော့်နောက်လိုက်မလာနဲ့!""ခွန်းကပြောပြီးသူ့ကိုယ်ကိုရှောင်ပြီး ထွက်သွားတယ်

""နေပါအုံးခွန်းရဲ့""ဝီလျှံကခွန်းလက်ကိုလှမ်းဆွဲထားတယ်

""ဘာပြန်ပြီလဲ""

""ကိုယ်‌တို့တွေ့နေပြီပဲ အတူတူshoppingထွက်ကြမယ်လေ""

""ကျွန်တော်ကပြီးပြီ ပြန်တော့မှာ""

""ကိုယ်မှမပြီးသေးတာကွာ""ဝီလျှံကခွန်းလက်ကိုဆွဲပြီးခေါ်သွားတယ်

သူဝင်တဲ့ဆိုင်တွေကလဲဘောက်ဆာရောင်းတဲ့ဆိုင်တွေချည်းပဲ သူခွန်းကိုတမင်သပ်သပ်ရွဲ့နေသလားတောင်အောင့်မေ့ရတယ်

""ခွန်း ဝယ်ချင်ဝယ်နော်ကိုယ်ရှင်းပေးမယ်""

""မလိုဘူး ခင်ဗျားဘာသာခင်ဗျားဝယ်""

""ခွန်းကမဝတ်ဘူးလား အူကျနေလိမ့်မယ်နော်""

""ခင်‌ဗျား! အရှက်ကိုမရှိဘူး""

""ဘောက်ဆာဝယ်တာရှက်စရာမှမဟုတ်တာခွန်းရယ်""

""ဒီမှာမိန်းကလေးတွေချည်းပဲရှိတာ ခင်ဗျား မျက်လုံးကမမြင်ဘူးလား""

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now