Part32(Uni/ZG)

4.5K 188 1
                                    

ညနေရောက်တော့မောင်ကကျွန်တော့်ကိုအလုပ်လာကြိုတယ် မောင်နေ့လည်ကမအိပ်ထားဘူးထင်တယ် seatပေါ်ခေါင်းလေးမှီပြီးမှိန်းနေတယ်

""မောင်""အနားကပ်ပြီးခေါ်လိုက်တော့မောင့်မျက်လုံးလေးတွေပွင့်လာတယ်

""ယံ""

ယံကlover seatမှာဝင်ထိုင်လိုက်ပြီးသူ့ရင်ခွင်ထဲတိုးဝင်လာတယ်

""မောင်ပင်ပန်းနေတာမလား မောင့်ကိုenergyတွေဖြည့်ပေးရမယ်""

ဒေးကပြုံးလိုက်ပြီး ယံပုခုံးလေးကိုပြန်ဖက်ထားတယ်""မောင်မပင်ပန်းပါဘူး ယံဘာစားချင်လဲမောင်လိုက်ကျွေးမယ်""

""ဟွန် မောင်အိမ်မှာဘာမှချက်မထားဘူးလား""

""ဒီနေ့ကမောင်တို့anniversaryလေကွာ ယံကိုအပြင်မှာလိုက်ကျွေးချင်လို့""

""အမ်...လူရှင်းပြီးတိတ်ဆိတ်တဲ့နေရာလေးပဲသွားချင်တယ်မောင်""

မောင်ကသူ့ကိုအင်လျားကန်ကစားသောက်ဆိုင်လေးတစ်ဆိုင်ကိုခေါ်သွားတယ်

နေဝင်ချိန်နဲ့အင်လျားကန်ကြီးကိုမြင်နေရတာကြောင့်ရှုခင်းလေးကသက်ဝင်လှပနေခဲ့တယ်

မောင်ကသူ့ပန်းကန်ထဲကိုဟင်းတွေဂရုတစိုက်ခပ်ထည့်ပေးတယ်

""မောင် မနက်ဖြန်ခါကျရင်အားလားဟင်""

""ဘာလို့လဲယံ""

""မြဲမြဲကဆေးရုံကဆင်းတော့မှာလေမောင် သူကလေယာဉ်စီးရတာကိုသိပ့်ဝါသနာပါတာဆေးရုံကမဆင်းခင် မောင်နဲ့တွေ့ပေးပြီး လေယာဉ်စီးခိုင်းချင်လို့ရလား""

ဒေးကယံပါးပြင်လေးကိုအသာဆွဲဖဲ့လိုက်ပြီး""အလကားတော့မရဘူး ယံကမောင့်ကိုတစ်ခုခုပြန်လုပ်ပေးရမယ်""

""ဘာလုပ်ပေးရမှာလဲမောင်""

""စားပြီးရင်မောင်နဲ့အတူလမ်းလျှောက်ထွက်ပေးရမယ်""

""ရတယ်လေ""

စားပြီးသွားတော့မောင်က သူ့လက်ကိုဆွဲပြီး ကားနောက်ခန်းထဲထည့်ထားတဲ့ဂစ်တာကိုသွားယူတယ်

မောင်ဂစ်တာတီးတတ်လား မတီးတတ်လားမသိပေမဲ့ မောင်ဂစ်တာကိုင်တာကိုတော့ ဒါပထမဆုံးမြင်ဖူးတာပါပဲ

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now