Part22(Uni/ZG)

5.2K 219 10
                                    

ခွန်းကား‌ပေါ်ကဆင်းမယ်လုပ်ပြီးမှ ဝီလျှံကားရပ်လိုက်တဲ့ဆိုင်ကိုကြည့်ပြီး ခွန်းမျက်လုံးတွေပြူးသွားတယ်

ခွန်းဒီဆိုင်မှာ ဆေးကျောင်းတက်တုန်းကသူငယ်ချင်းတွေနဲ့စုပြီးတစ်ခါလာထိုင်ဖူးတယ်

ဒီဆိုင်ကစားစရာတွေက အကုန်ဈေးကြီးတယ် အဲ့တုန်းကဆိုင်‌လေးလှလို့ သူငယ်ချင်းတွေနဲ့စုပြီး စားပွဲဝိုင်းလေးတစ်ဝိုင်းထိုင်ပြီး မှာစားမိတာတောင် ရှင်းလိုက်ရတာကသိန်းဂဏာန်း။

အခုသူကအလုပ်ရှိတာလဲမဟုတ်ဘူး ကျွန်တော်ဒီလိုဆိုင်မျိုးမှာထိုင်ပြီးသူ့ငွေတွေကိုဘယ်လိုလုပ်ဖြုန်းရက်မှာလဲ

""ခင်ဗျားဘာလို့ကျွန်တော့်ကိုဒီဆိုင်ခေါ်လာတာလဲ!""

""ခွန်းကို ပီဇာကျွေးမလို့လေ""

ခွန်းကကားတံခါးကိုပြန်ဆွဲပိတ်လိုက်ပြီး""မစားဘူးပြန်မယ်!""

""ဘာလို့လဲခွန်းရဲ့""

""ခင်ဗျားအလုပ်လဲမရှိပဲနဲ့""

ရုတ်တရက်‌ ခွန်းပြောလိုက်တဲ့ စကားကဝီလျှံမာနကိုလာထိပါးသလိုဖြစ်သွားတယ်

ဝီလျှံကဒေါသထောင်းခနဲထွက်သွားပြီး""ခွန်း! မင်းကိုယ့်ကိုသိပ့်အထင်သေးတာပဲ!""

""ကျွန်တော်ဘာပြောလို့လဲ! ကျွန်တော်ပြောတဲ့စကားထဲမှာခင်ဗျားကိုအထင်သေးတဲ့စကားတစ်ခွန်းမှမပါဘူးနော်ဝီလျှံ""

""ခွန်း! ကိုယ့်မှာအလုပ်မရှိတာနဲ့ပဲ ကိုယ်မင်းကိုဒီလိုဆိုင်မျိုးမှာ လိုက်မကျွေးနိုင်တော့ဘူးလို့ မင်းကထင်နေတာလား! ကိုယ်စိတ်ပါရင်မင်းအလုပ်လုပ်နေတဲ့ဆေးရုံတစ်ခုလုံးကိုတောင်ဝယ်သိမ်းလိုက်လို့ရတယ်ရှင်းလား""

""ဝီလျှံခင်ဗျားကျွန်တော့်စေတနာကိုမစော်ကားနဲ့နော်!""

""မင်းကကိုယ့်ကိုအထင်သေးလွန်းနေတာလေခွန်း""

""ကျွန်တော်ခင်ဗျားကိုအထင်သေးနေတာမဟုတ်ဘူးဝီလျှံ ကျွန်တော်ကခင်ဗျားပိုက်ဆံကုန်မှာစိုးလို့ပြောတာ""

""ဘယ်လောက်ကုန်မှာမို့လဲခွန်းရယ်""ဝီလျှံအသံက ပြန်ချိုသာသွားသည် ခွန်းကလေသူတွဲခဲ့ဖူးတဲ့မိန်းကလေးတွေနဲ့ တူကိုမတူတာ ခွန်းမှာသိတတ်တဲ့စိတ်ထားလေးရှိတယ်

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now