Part28(Uni/ZG)

4.8K 189 3
                                    

ယံက မွန်ပုဆိုးငွေချည်ပါအစိမ်းရောင်လေးနဲ့ရှပ်အိင်္ကျီအဖြူလေးလဲထားပြီး ဗီရိုမှန်ရှေ့မှာရပ်နေတယ်

မောင်ကအဖြူရောင်စတစ်ကော်လံအိင်္ကျီကလေးနဲ့မွန်ပုဆိုးအနက်ကလေးကို ကျစ်ကျစ်လစ်လစ်ဝတ်ထားပြီးသူ့အနားရောက်လာတယ်

မှန်ထဲမှာမြင်နေရတဲ့မောင်ကသူ့အနောက်ဘက်ကနေပြုံးနေပြီး ပုခုံးလေးပေါ်မေးတင်ပြီးလာဖက်တယ်""ယံက မွန်ပုဆိုးလေးနဲ့ဆိုသိပ့်လှတာ""

""မောင်ရာ ဘုရားသွားတော့မှာကိုပွတ်သီးပွတ်သပ်နဲ့ အိင်္ကျီတွေကြေကုန်အုံးမယ်""

""မောင်ခဏပဲဖက်မှာပါ""မောင်ကပြုံးပြီးသူ့ကိုဖက်ထားတာကနေလွှတ်ပေးလိုက်တယ်

ယံက သူ့ဘက်ကိုလှည့်ကြည့်လာပြီး သူ့အိင်္ကျီကိုလက်ခေါက်တင်ပေးတယ်

ယံကသူ့အိင်္ကျီပုခုံးလေးကိုလက်နဲ့သပ်ပေးပြီး""မောင်ကပိုကြည့်ကောင်းတယ်""

ရွှေတိဂုံဘုရားရောက်တော့ သစ္စာပန်းဝယ်လိုက်ပြီး တစ်ယောက်လက်တစ်ယောက်ဆုတ်ကိုင်ထားပြီးဘုရားပေါ်တက်တယ်

ရွှေဝါရောင်ဝင်းဝင်းလျှပ်ထနေတဲ့ရွှေတိဂုံစေတီတော်ကြီးရဲ့ရင်ပြင်မှာ နှစ်ယောက်အတူဦးချကန်‌တော့လိုက်ပြီး ယံကပါးစပ်လေးလှုပ်ပြီးဆုတောင်းနေတယ်

ယံမျက်လုံးလေးတွေပြန်ပွင့်လာတော့ယံကသူ့ဘက်ကိုကြည့်ပြီး""မောင်ဘာတွေဆုတောင်းထားလဲ""

""မောင်ကလက်တွေ့သမားမို့ ဆုတောင်းတွေကိုတော့မယုံဘူးယံ ဆုတောင်းတွေဆိုတာစိတ်သက်သာရာရအောင် ကိုယ့်အခက်အခဲကို ဘုရားမှာ လာရင်ဖွင့်‌နေကြသလိုပဲမဟုတ်လားယံ ဒါပေမဲ့မောင်တစ်ခုတော့ ဆုတောင်းထားပါတယ်ယံပျော်ပါစေလို့""

ယံကတော့အများကြီးဆုတောင်းထားတယ်ထင်တယ် ယံပုံစံလေးကဘုရားကိုနားပူမိတာကို အားနာနေသလိုလေးဖြစ်သွားတယ်

""ယံကရော ဘာတွေဆုတောင်းလဲ""

""အစုံပဲမောင်""

မောင်ကသူ့ကို ပန်းအတူတူကပ်ဖို့လက်ကမ်းပေးတယ်

ဘုရားပန်းကပ်လှူပြီးသွားတော့ယံကတနင်္လာနာမ်ထောင့်ကိုသွားပြီး 24ခွက်တိတိသက်စေ့ရေသပ္ပါယ်တယ်

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now