မောင်က အခုဆိုကျွန်တော်ချက်တာတွေလိုက်ကြည့်ပြီး ထမင်းနဲ့ဟင်းကို ကောင်းကောင်းချက်တတ်နေပြီ
ယံက ဒေးလဲပေးထားတဲ့ရှပ်အိင်္ကျီဘိုသီဘက်သီကလေးနဲ့ အနားရောက်လာပြီးသူ့အနောက်ကနေခါးလေးကိုဖက်ထားတယ်
""ဗိုက်ဆာနေပြီလားယံ မောင်ပေါင်မုန့်စတော်ဘယ်ရီယိုသုတ်လုပ်ထားတယ်""
မောင်ကပေါင်မုန့်ချပ်လေးကိုင်ပြီးသူ့ကိုလှည့်ကြည့်လာတယ်""မသွားလို့မရဘူးလားကွာ ဒီနေ့တစ်ရက်ထဲပဲကို""
""မရဘူးလေမောင်ရဲ့ ကျွန်တော်ရှေ့ရက်တွေကလဲနားခဲ့ပြီးပြီ""
""ဟင်း...""ဒေးကသက်ပြင်းကလေးချပြီး""မောင်ကnight dutyဆိုတော့ယံပင်ပန်းနေမှာစိုးလို့ပြောတာပါ""
""မောင့်အလုပ်လဲဘာထူးလို့လဲ မောင်အလုပ်ပြန်ဝင်တဲ့ခါကျရင် မနက်သုံးနာရီဆိုလဲ ထသွားရမှာပဲ အဲ့ကျကျွန်တော်တစ်ယောက်ထဲ ကျန်နေခဲ့တော့မှာ မောင့်အလုပ်က သုံးရက်ဆိုလဲဟုတ်တယ် လေးရက်ဆိုလဲဟုတ်တယ် အိမ်ပြန်လာနိုင်မှာမှမဟုတ်တာ""
ရှေ့ရေးတွေကြိုတွေးရင်တကယ်ရင်မောရတယ်မောင်အဲ့လောက်ကြာကြာခွဲနေဖို့ဆိုတာမဖြစ်နိုင်တော့ဘူးယံ။
""တော်ပြီကွာ မောင်အဲ့အလုပ်ကိုမလုပ်တော့ဘူး အိုးမကွာအိမ်မကွာလုပ်လို့ရမဲ့အလုပ်တစ်ခုပဲရှာလုပ်တော့မယ်""
""ဘယ်လိုလုပ်ဖြစ်မှာလဲမောင်ရဲ့ မောင်ကိုယ်တိုင်ဝါသနာပါလို့ရွေးချယ်ထားတဲ့အလုပ်ကိုမစွန့်လွှတ်ပါနဲ့""
""မောင့်အလုပ်ကအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုပါပဲ ယံလောက်ဘယ်အရာကမှအရေးမကြီးဘူး""
""ဒါဆိုယံကရော ဘာလို့ဆရာဝန်အလုပ်ကိုရွေးချယ်ခဲ့တာလဲ""
""ကျွန်တော်တို့က အမြဲရှင်သန်နေကြမှာမှမဟုတ်တာမောင် ကျွန်တော်ကလူ့အသက်တွေကိုကယ်ရင်း ကျွန်တော်ချစ်တဲ့သူတွေကလှည့်ရောက်လာရင်လဲ ကျွန်တော်ကိုယ်တိုင်ခြေဆုတ်လက်နယ်ပြုစုပေးချင်တာ ကျွန်တော်ဒီနည်းနဲ့ကျွန်တော်ချစ်တဲ့သူတွေကို ကျေးဇူးဆပ်ခွင့်တော့ ရနိုင်လောက်ပါတယ်နော်မောင်""
YOU ARE READING
ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)
Romanceဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ