Part2(Uni/ZG)

8.5K 333 10
                                    

နောက်ဆုံးတော့ အမေ့ရဲ့ကူပြောပေးမှုနဲ့ ကျွန်တော်တစ်ယောက်ထဲ တိုက်ခန်းမှာ ပြောင်းနေဖို့အခွင့်အရေးရခဲ့ပြီ

ဒါကကျွန်တော့်ဘဝတစ်လျှောက်လုံး လွတ်လပ်စွာပျံသန်းခြင်းရဲ့အစလို့ နေ့စဉ်မှတ်တမ်းစာအုပ်လေးထဲမှာထည့်ရေးထားတယ်

ယံကသူယူလာတဲ့ရေပုံး၊တံမြက်စည်းနဲ့ကြမ်းတိုက်တံကို အခန်းရှေ့မှာချလိုက်တယ်

12နှစ်တာလုံးလုံးဖွားဖွားကြီးအိမ်မှာကြီးပြင်းခဲ့ရတဲ့ကျွန်တော်က အတိတ်ကိုပြန်တမ်းတတိုင်း လွမ်းဆွတ်သတိရမိတာကတော့ ကလောမှာကျန်ခဲ့တဲ့ကျွန်‌တော့်ရဲ့ငယ်ဘဝ‌ပုံရိပ်လေးတွေကိုပါပဲ

ကျွန်တော့်အိမ်ဘယ်လောက်စည်းကမ်းကြီးကြီး နည်းလမ်းမျိုးစုံနဲ့အတူလာ ကစားပေးပြီး စာအတူကျက်ပေးခဲ့တဲ့သူငယ်ချင်းလဲရှိခဲ့တယ်

စာညံ့ချင်ယောင်အမြဲဆောင်တတ်တဲ့ကောင်ကလေးက စာတစ်ကြောင်းကိုနှစ်ခါပြန်မကျက်ရတာသိပေမဲ့ ကျွန်တော်မရမချင်း အသံတွေပြာတဲ့ထိ အတူတူအခေါက်ခေါက်အခါခါလိုက်အော်ပေးခဲ့ဖူးတယ်။

သင်္ချာ၂ဆိုအော်ကျက်တာလောက်ပဲသိတဲ့‌ကျွန်တော်က သူရှင်းပြတဲ့သီအိုရီတွေအောက်မှာနားလည်လွယ်ခဲ့သေးတာ။

ကျွန်တော့်အခန်းရှေ့မှာရပ်လိုက်တော့ မျက်နှာချင်းဆိုင်အခန်းနံရံဆီက လေယာဉ်ပျံပုံပိုစတာကပ်ထားတာမြင်လိုက်ရတော့ လေယာဉ်မှူးဖြစ်ချင်တဲ့ ကောင်းထက်နိုင်ကိုပိုပြီးသတိရမိတယ်

သက်ဝေယံက လေယာဉ်ပျံပုံပိုစတာ‌လေးကိုလက်က‌လေးနဲ့ထိလိုက်ပြီး""အခုဆိုရင်မင်းဘယ်တွေရောက်ပြီး ဘာတွေလုပ်နေမှာပါလိမ့် မင်းဖြစ်ချင်တဲ့လေယာဉ်မှူးတစ်ယောက်ရော ဖြစ်နေပြီလား""

လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ဆိုတာဆရာဝန်တစ်ယောက်ထပ်အကုန်အကျပိုများတယ် လွယ်ကူတဲ့ကိစ္စတော့မဟုတ်။

သက်ဝေယံကသက်ပြင်းချပြီး သူ့တိုက်ခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်

6နှစ်လောက်ပိတ်ထားခဲ့တဲ့တိုက်ခန်းမှာ အထဲကပရိ‌ဘောဂတွေက ဘယ်လိုတွေတောင်ဖြစ်နေပြီလဲမသိဘူး

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now