Part21(Uni/ZG)

5.3K 232 6
                                    

ဝီလျှံကဆေးရုံဝန်းထဲကဗာဒံပင်လေးမှာမှီပြီးရပ်စောင့်နေတဲ့နားကို ခွန်းကဂျူတီကုတ်လေးနဲ့ရောက်လာတယ်

ဝီလျှံကခွန်းကိုမြင်တော့ပြုံးပြလိုက်ပြီး""ခွန်း ကိုယ်ခွန်းအတွက်အာလူးကြော်တွေအများကြီးဝယ်လာတယ်""

ဒေးအလုပ်ထွက်တော့ ဝီလျှံကပါအလုပ်ထွက်လိုက်ပြီး အလုပ်မရှိတော့ ခွန်းဆီတစ်ရက်နှစ်ခေါက်လောက် ပုံမှန်ရောက်နေတယ်

""ခင်ဗျားဘာဆက်လုပ်မှာလဲဝီလျှံ""

""ကိုယ်ကဘာလုပ်ရမှာလဲခွန်းရဲ့""

""အခုခင်ဗျားအလုပ်လက်မဲ့ဖြစ်သွားပြီလေ""

""ဒါများခွန်းရယ် ကိုယ်ကPPLလိုင်စင်လေးကိုင်ထားပြီး အပျော်တမ်းလေယာဉ်မှူးလုပ်နေလိုက်မှာပေါ့""

""ခင်ဗျားဘဝကိုအဲ့ဒီ့လိုပေါ့ပေါ့တန်တန်မဖြတ်သန်းနဲ့နော် ခင်ဗျားအသက်ကြီးလာရင် ဒုက္ခရောက်လိမ့်မယ်""

Airlineတွေကအလုပ်ခေါ်ရင်အသက်20-25ဝန်းကျင်တွေပဲခေါ်တာ သူအခုလိုလုပ်နေတာနဲ့captainတစ်ယောက်မဖြစ်လိုက်မှာကိုခွန်းစိတ်ပူတယ်

""အမယ် ခွန်းကကိုယ့်ကိုစိတ်ပူလို့ပါလား""

""ခင်ဗျား! ကျွန်တော်အကောင်းပြောနေတာကိုနော်""ခွန်းကပြောနေရင်းမျက်နှာလေးညိုသွားတယ်

ဝီလျှံမျက်နှာက လေးနက်တည်ကြည်တဲ့ပုံပြောင်းသွားပြီး""ကိုယ်သိပါတယ်ခွန်းရယ် ခွန်းကိုယ့်ကိုစိတ်မပူပါနဲ့ ဟိုကောင်ဒေးက မကြာခင်ပြန်လာတော့မှာပါ အဲ့ကောင်ပြန်လာတော့မှ ကိုယ်airlineတစ်ခုမှာ အလုပ်ပြန်ဝင်လိုက်ပါ့မယ်""

ဝီလျှံကခွန်းမျက်နှာလေးကိုကြည့်ပြီး""ခွန်းကရော ဘာဖြစ်နေတာလဲ ပြောပါအုံး မျက်နှာကမအီမသာနဲ့""

""အခုဆေးရုံကိုအသစ်ရောက်လာတဲ့ ဆရာဝန်မလရိပ်‌မေပေါ့ သူကလေ ကျွန်တော့်ကိုဆို သိပ့်ဆရာလုပ်တာပဲ သူရောက်တာနှစ်ရက်ပဲရှိသေးတယ် ဆေးရုံတစ်ခုလုံး သူ့သတင်းကမွှေးနေတာ သူက ကိုယံနဲ့ကစေ့စပ်ထားတာတဲ့""

ဝီလျှံအံ့ဩသွားတယ်""ဟမ်! ဟုတ်လား""

""ဟုတ်တယ် အခုကိုယံဘယ်သွားလဲဆိုတာတောင် သူမသိလို့ သိများသိရင် ချက်ချင်းတောင်လိုက်သွားမလားပဲ""

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now