ဆန်နဲ့ရိက္ခာခြောက်တွေကိုစာသင်ကျောင်းမှာပိတ်ထားခဲ့ပြီးလူတွေကတော့ ဘုန်းကြီးကျောင်းမှာပြန်အိပ်ရတယ် ညစာကိုတော့ဒေသခံတွေကချက်ကျွေးတယ်
မိုးတွင်းဆိုတော့အောက်ပိုင်းဒေသတွေကမျှစ်အရမ်းပေါတယ်ညစာဟင်းက မျှစ်ရခိုင်ချက်စပ်စပ်ကလေးနဲ့ရခိုင်ငရုတ်သီးထောင်း။
အစပ်ကြိုက်တဲ့သူတွေအတွက်တော့ ဆီးပါးပါးလေးနဲ့ရေပေါလောလေးချက်ထားတဲ့ရခိုင်ချက်စပ်စပ်ကလေးတွေကထမင်းမိန်ဖွယ်ရာအတိ။
ဒေးနဲ့ဝီလျှံအတွက်တော့ နည်းနည်းအခက်တွေ့ရသည်
ဝီလျှံကထမင်းဝိုင်းမှာထမင်းပန်းကန်ပြားလေးချ ငုတ်တုတ်ကလေးထိုင်နေပြီး ဒေးကိုတိုးတိုးဆဲတယ်""မအေဘေး မင်းနောက်လိုက်ခဲ့တာငါမှားပြီ""
""မင်းကလဲကွာ တစ်ခါတလေလေးစားတာဘာဖြစ်မှာမို့လို့လဲ တိုးတိုးနေစမ်းပါ""
""ဟိတ်ရောင် ဒီဟင်းတွေက ငရုတ်သီးအတောင့်လိုက်နဲ့ ငါ့အစာအိမ်တစ်ခုလုံးတောင်ပွင့်ထွက်လောက်တယ်""
""မပူပါနဲ့မြိုပဲချလိုက် မင်းတစ်ခုခုဖြစ်ရင် ဒီမှာဆရာဝန်တွေရှိတယ်""
""မင်းကြီးတော်ကြီးမပူပါနဲ့လား""
နွယ်နီနဲ့မချောကဘုန်းကြီးကျောင်းကမီးဖိုချောင်မှာ ရေနွေးခွက်ကလေးတွေကိုင်ပြီးရေနွေးထည့်ပေးနေကြတယ်
ယံကကြက်ဥနှစ်လုံးကိုင်ပြီးမီးဖိုချောင်ထဲဝင်သွားလိုက်တယ်
ရေနွေးထည့်နေတဲ့နွယ်နီက""ကိုယံဘာလာလုပ်တာလဲ ရေနွေးလာယူတာလား နွယ်ယူခဲ့ပေးမှာပေါ့""
""မဟုတ်ဘူးနွယ်နီ ကြက်ဥကြော်မလို့""
""ဟမ်! ကိုယံက မျှစ်ရခိုင်ချက်စပ်စပ်ကလေးမကြိုက်ဘူးလား""
""ကြိုက်ပါတယ် ဒါပေမဲ့ဒေးကအစပ်မစားနိုင်ဘူး""
""အော်...""နွယ်နီက သံရှည်စွဲပြောပြီး မချောကိုကြည့်တော့ မချောကပြုံးစိစိနဲ့နွယ်နီပုခုံးကိုလှမ်းရိုက်တယ်
ယံကတော့ဘာမှမသိဘူး မီးဖိုပေါ်တင်ထားတဲ့ရေနွေးအိုးလေးကို ဘေးအသာချပြီး ရှိတဲ့ဒန်အိုးသေးသေးလေးကို မီးဖိုပေါ်ကောက်တင်လိုက်တယ်
YOU ARE READING
ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)
Romanceဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ