ဒေးကရေချိုးပြီးအခန်းပြင်ပြန်ထွက်လာတဲ့ထိ ယံကနိုးမလာသေးဘူး
စောင်ထဲကထွက်နေတဲ့ခြေဖဝါးရဲရဲလေးကဒေးအတွက်တော့ ငေးမဝအောင်ဖြစ်ရတယ်
ပန်းရောင်ဖျော့နေတဲ့မျက်နှာလေးကိုငေးကြည့်ရင်းဒေးကဖွဖွပြုံးလိုက်တယ်
ငယ်ငယ်တုန်းက စာမရလို့စာသင်ခုံပေါ်ခေါင်းမှောက်လိုက်တိုင်းစူလာတဲ့နှုတ်ခမ်းလေးက ပါးနဲ့ခေါင်းအုံးအပ်နေတဲ့အခုလိုမျက်နှာလေးအတိုင်းပဲ
မင်းမျက်မှန်အဝိုင်းလေးတစ်ချက်အပင့်မှာကိုယ့်နှလုံးသားလေးညံ့သက်သွားတယ်
ဒေးကကုတင်နားကိုလျှောက်သွားလိုက်ပြီး အနားကပ်ပြီးတိုးဖွဖွကလေးခေါ်လိုက်တယ်""ယံ""
ဂျူတီရှိတယ်လို့ပြောတဲ့သူက ဘယ်လောက်တောင်အိပ်ပုတ်ကြီးနေရတာပါလဲ
ရေချိုးထားလို့အအေးပိုနေတဲ့လက်ဖဝါးကလေးကိုပါးတစ်ဖက်ပေါ်အသာတင်ရင်း""ယံ ထတော့""
အိပ်မှုန်စုံဝါးကလေးနဲ့မျက်လုံးတွေမဖွင့်ပါပဲဆွဲဖယ်လိုက်တဲ့စောင်ပါးကလေးမှာ ညအိပ်ဝတ်အနီရောင်ဘောင်းဘီရှည်လေးက ပေါင်ရင်းထိကိုလိပ်တက်နေသည်
""ဟား!""လှပ်ခနဲမြင်လိုက်ရတဲ့ပေါင်သားဖွေးဖွေးကလေးမှာ အာခေါင်တွေခြောက်ကပ်စေတဲ့ထိလူကပူလောင်သွားရတယ်""ယံ!""
ကိုယ်ဘယ်လိုလုပ်ရမှာလဲ ဘောင်းဘီပဲဆွဲချပေးရမှာလား စောင်ပဲဆွဲခြုံပေးရမှာလား ပေါင်တံသွယ်သွယ်လေးကိုဆွဲဖုံးပေးမဲ့ဒေးလက်တွေက တုန်ရီနေတယ်
ရုတ်တရက်ယံကမျက်လုံးတွေပွင့်လာပြီး သူ့ဘောင်းဘီပေါ်ရောက်နေတဲ့ဒေးလက်တွေကိုမြင်တော့""ဟိတ်လူ! ခင်ဗျားဘာလုပ်တာလဲ!""
""ဟို! ကိုယ်...""
""ခွပ်!""
""အ!""ဒေးသူ့နှာခေါင်းကိုလက်နဲ့အမြန်အုပ်လိုက်ရသည်
ယံကချက်ချင်းဆိုသလို ကုတင်ပေါ်ကနေထရပ်လိုက်တယ်
နှာနုကိုထိုးလိုက်တာကြောင့် မျက်ရည်ဝဲမတက်ခံစားရခက်နေပြီး ဒေးလက်ဝါးထဲမှာပူနွေးစိုစိတဲ့အရာကိုခံစားရလိုက်ရတယ်""သွေးတွေ!""နှာခေါင်းရိုးကျိုးသွားပြီလားမသိဘူး
YOU ARE READING
ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)
Romanceဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ