Part13(Uni/ZG)

5.5K 248 7
                                    

ဒီနေ့ပရိဟိတခရီးစဉ်နောက်ဆုံးရက်မို့ အကုန်အရင်နေ့ကထပ်ပိုတက်ကြွနေကြတယ်

မုန်တိုင်းသင့်သွားတဲ့‌ ရွာနီးချုပ်စပ်ကကျေးရွာတွေကိုဒေသခံ‌တွေကစက်လှေနဲ့လိုက်ပို့ပေးမှာဖြစ်ပြီးလိုအပ်တဲ့ဆေးဝါးကုသမှုတွေလုပ်ပေးမှာပါ

တချို့ဆရာဝန်တွေကတော့ရေကြောက်တာ၊လှေစီးရမှာကြောက်တာကြောင့် ဒီနေ့ကိုမလိုက်ဖြစ်တော့။

လှေဆိပ်ကိုရောက်တော့ ဒေသခံလူကြီးတစ်ယောက်က စက်လှေတွေကိုကမ်းကပ်လိုက်ပြီးလူအရင်စစ်တယ်

""ပစ္စည်းတွေရောပါတော့ တစ်လှေမှာ ငါးယောက်လောက်ပဲတက်လို့ရမှာလူကဆယ်ယောက်ဆိုတော့ လှေနှစ်စီးမှရမှာ""

ဒါပေမဲ့စက်လှေသမား ထပ်ခေါ်မရတာကြောင့် မောင်းပို့မဲ့သူက သူတစ်ယောက်ထဲဖြစ်နေပြီးအခက်တွေ့နေရသည်

"" ဒီထဲမှာစက်လှေမောင်းတတ်တဲ့သူများရှိမလား""

ဝီလျှံကလက်ထောင်သလိုလိုလုပ်ပြီးတော့မှခေါင်းကုတ်နေတယ်

သင်္ဘောကြီးတွေမှာပါတဲ့ပဲ့‌နဲ့လေယာဉ်steeringနဲ့ကဆင်တူတယ်ဆိုပေမဲ့အခုကစက်လှေဆိုတော့ဝီလျှံလဲမမောင်းတတ်တော့ဘူး

ခွန်းကသူ့ကိုကြည့်ပြီး""ခင်ဗျားကမောင်းတတ်လို့လား""

""မမောင်းတတ်ဘူး ကိုယ်ရေပဲကူးတတ်တာ""

""ဒါနဲ့များလက်ထောင်နေသေးတယ်""

ဒေးက လက်ထောင်လိုက်ပြီး""ကျွန်တော်ပါ ကျွန်တော်မောင်းတတ်တယ်""

အကုန်လုံးအံ့ဩသွားကြတဲ့ထဲဝီလျှံပါပါတယ်""ဟိတ်ရောင်ဒေး မင်းဘယ်တုန်းကစက်လှေမောင်းတတ်သွားတာလဲ ပင်လယ်ထဲလေယာဉ်ပျက်ကျရင်လုပ်ရမဲ့သင်ခန်းစာတွေထဲကpracticalတွေလို့ ထင်မနေနဲ့နော် အခုကရေ‌နဲ့နဖူးတွေ့ဒူးတွေ့တွေ့ရမှာ ငါတို့ကရေကူးတတ်တယ်ဆိုပေမဲ့ဒီထဲမှာရေမကူးတတ်တဲ့သူတွေလဲပါတယ်""

""ငါသိပါတယ်ကွ ငါတကယ်မောင်းတတ်တာပါ""

ယံမျက်နှာပေါ်မှာစိုးရိမ်ရိပ်ကလေးဖြတ်ပြေးသွားတယ်""ဒေး ခင်ဗျားတကယ်မောင်းတတ်တာရောဟုတ်ရဲ့လား""

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now