""ခွေးထပ်မိုက်တဲ့ကောင်! မိဘမျက်နှာကိုအိုးမဲသုတ်တယ်!""
ဦးမျိုးမြင့်ဒေါသအလိတ်လိုက်ထွက်ပြီးတိုက်ခန်းလှေကားထစ်တွေပေါ်နင်းတက်လာနေတယ်
""ဖေကြီးရယ် စိတ်လိုက်မာန်ပါမလုပ်ပါနဲ့သက်တောင်းပန်ပါတယ်""
""ဘာကိုတောင်းပန်တာလဲသက် မင်းသား အပြင်ထွက်နေတာလင်တစ်ယောက်လုံးရနေပြီး တစ်နိုင်ငံလုံးဟိုးလေးတကျော်ကျော်ဖြစ်မှ မိဘတွေသိရတယ်လို့ ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်လဲ! ဒီနေ့ဒင်းကိုမသတ်ရမချင်းငါအိမ်မပြန်ဘူး!""
ဦးမျိုးမြင့်ကသက်ဝေယံအခန်းတံခါးရှေ့မှာရပ်လိုက်ပြီး""သက်ဝေယံ! ဟိတ်ရောင်သက်ဝေယံ! အခုထွက်ခဲ့စမ်း!""
အဖေ့အသံကြားတော့ယံလန့်နိုးသွားတယ်
""သက်ဝေယံ!""
""ဖေကြီး သားကမရှိဘူးလားမသိဘူး သော့ခတ်ထားတယ်""
""သူ့လင်နဲ့သွားအိပ်နေတာနေမှာ!""
""မောင်!""ယံကဒေးရင်ဘတ်ကိုလှုပ်နှိုးတယ်"" မောင်ထ မောင်အပြင်မှာအဖေတို့အမေတို့ရောက်နေတယ်ဘယ်လိုလုပ်မလဲ!""
""ဟွန်! ယံအဖေတို့အမေတို့ရောက်နေတာလား!""
""ဟုတ်တယ်မောင်""
ဒေးကယံလက်ကလေးကိုဆုတ်ကိုင်လိုက်ပြီး""မောင်တို့အတူတူထွက်တွေ့ကြမယ်နော်ယံ""
""ဒီကောင်ဒီမှာမရှိရင် ငါသူ့ဆေးရုံထိလိုက်သွားမှာသက်!""
မောင်ကဗီရိုထဲကအိင်္ကျီတစ်ထည်ထုတ်ပြီးကောက်စွပ်လိုက်တယ်
ယံကကုတင်ပေါ်ကနေထရပ်လိုက်ပြီးကျေနေတဲ့အိင်္ကျီကလေးကိုလက်နဲ့တစ်ချက်သပ်လိုက်တယ်
စိတ်လှုပ်ရှားနေလို့အေးစက်နေတဲ့ယံလက်ကလေးကိုတင်းတင်းဆုတ်ကိုင်ထားပြီး ယံကိုသူ့အနောက်မှာထားပြီး တံခါးသွားဖွင့်တယ်
ဦးမျိုးမြင့်ကပွင့်လာတဲ့အခန်းဘက်ကိုလှည့်ကြည့်လိုက်ပြီး""ဟင်! မင်း!""
""ခွပ်!""မောင်ကသူ့ရှေ့ကနေကာပေးပြီးအထိုးခံတယ်
ဦးမျိုးမြင့်ကနောက်တစ်ချက်ထပ်ထိုးဖို့လက်ရွယ်လိုက်တော့ ဒေါ်မြသက်နွယ်ကဆွဲထားတယ်""ဖေကြီးရယ် မလုပ်ပါနဲ့""
YOU ARE READING
ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)
Romanceဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ