Part8(Uni/ZG)

5.8K 274 12
                                    

ဒေါက်တာယံဆေးရုံထဲဝင်လာတော့nurseလေးတွေကဝိုင်းကြည့်နေကြတယ်

ယံဒီနေ့မှ ဆေးရုံတစ်ခုလုံးရဲ့ အာရုံစိုက်ခြင်းကို ခံနေရသလိုပဲ

တချို့nurseလေးတွေဆို ယံကိုတွေ့‌တာနဲ့ပြုံးပြသွားကြတယ်

မနေ့ကaccidentဖြစ်တဲ့လူနာကိုကယ်လိုက်လို့များ မျက်နှာပွင့်နေတာများလား အဲ့တာဆိုရင်တော့ ဆရာဝန်တစ်ယောက်ကလူနာအသက်ကိုကယ်တာ ဆန်းတဲ့ကိစ္စမှ မဟုတ်တာ။

မနက်ပိုင်းroundလှည့်ပြီး နေ့လည်စာစားဖို့သွားလိုက်တော့ ထမင်းစားတဲ့နေရာမှာ အကုန်လူစုံတက်စုံရောက်နေကြသည်

ကျွန်တော်ထမင်းဟင်းယူဖို့သွားနေတုန်း နွယ်နီကလှမ်းခေါ်တယ်

""ဒေါက်တာယံထမင်းသွားယူမလို့လား""

""အွန်း နွယ်နီ""

""မယူနဲ့တော့ ထမင်းချိုင့်ရောက်နေတယ်""

""ဟမ်!ဘယ်သူ့ထမင်းချိုင့်လဲ""

""ဒေါက်တာယံထမင်းချိုင့်ပေါ့""အကုန်လုံးက ကျွန်တော့်ကိုအထူးအဆန်း မျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြတယ်

ယံကကိုယ်ပိုင်တိုက်ခန်းမှာ တစ်ယောက်ထဲခွဲနေပြီးထဲက ထမင်းချိုင့်မထုတ်တော့ ဆေးရုံထမင်းဟင်းပဲစားတော့တယ်

""ကျွန်တော့်အိမ်ကလာပို့သွားတာလား""

""မဟုတ်ဘူး မနေ့ကဒေါက်တာယံနဲ့ပါလာတဲ့လူ လာပို့သွားတာ""

""ဟင်! သူဘယ်ချိန်တုန်းက လာပို့သွားတာလဲ""

""ဒေါက်တာယံ လူနာကြည့်ပေးနေတုန်းက လာပို့သွားတာ""

နွယ်နီက သူထိုင်ဖို့နေရာနည်းနည်းတိုးပေးလိုက်ပြီး""လာ ဒေါက်တာယံ ဒီမှာထိုင် နွယ်မေးစရာရှိလို့""

နွယ်နီကပြောလဲပြော သူ့ထမင်းချိုင့်ကိုလဲဖွင့်ပေးနေတယ်

ဟိုလူကကျွန်တော့်ကိုကလေးများမှတ်နေလားမသိဘူး ထုတ်ပေးလာတဲ့ချိုင့်ကလဲ ကလေးတွေကျောင်းထမင်းချိုင့်ပို့သလို ပန်းရောင်ကော်ချိုင့်နဲ့။

ယံက ‌ခုံမှာဝင်ထိုင်လိုက်တော့""ဒေါက်တာယံ နဲ့မနေ့ကပါလာတဲ့လူက ဘယ်သူလဲဟင်""

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now