လေးလံနေတဲ့ခြေလှမ်းတွေနဲ့ လှေကားထစ်တွေပေါ် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာမိတယ်
အခန်းနားရောက်ခါနီးတော့ ယံခြေလှမ်းတွေအလိုလိုရပ်တန့်သွားတယ်
""ဒေး ခင်ဗျားဘယ်လိုဖြစ်လို့!...""ဒေးကသူ့အခန်းတံခါးရှေ့မှာ တံခါးရွက်လေးကိုမှီထိုင်နေပြီး ခေါင်းလေးကဒူးနှစ်ဖက်ပေါ်မှောက်နေတယ်
ကျွန်တော်သိတယ် သူကျွန်တော်ပြန်လာတဲ့အထိစောင့်နေတာ။
ယံကဒေးအနားကိုဖြေးဖြေးချင်းလှမ်းသွားလိုက်တော့ ဒေးကမျက်လုံးတွေပွင့်လာပြီး သူ့ကိုတွေ့တာနဲ့ချက်ချင်းထရပ်လိုက်တယ်""ယံ""
""ယံ ဘယ်တွေသွားနေတာလဲ""သူ့လက်တွေကိုဆုတ်ကိုင်လာတဲ့ဒေးရဲ့လက်ဖျားတွေဟာအေးစက်နေတယ်
""ကျွန်တော်ဘယ်သွားသွားပါ ခင်ဗျားသိစရာမှမလိုတာ""
""လိုတယ်! သိပ့်လိုတယ်!""
ယံကဒေးမျက်နှာကိုစေ့စေ့စိုက်ကြည့်လိုက်ပြီး""ခင်ဗျားကိုပေးသိရအောင် ကျွန်တော်နဲ့ခင်ဗျားနဲ့က ဘာဆိုင်လို့လဲဒေး!""
ရုတ်တရက်ကြီးယံစကားတွေကရင့်သီးနေတာမို့ ဒေးကစိတ်ကိုထိန်းလိုက်ပြီး""ဆိုင်တယ်မဆိုင်ဘူးဆိုတာထပ် ကိုယ်မင်းကိုစိတ်ပူလို့ပါယံ""
ကျွန်တော်ဒါထပ်ပိုပြီးဒေးနဲ့ရင်းနှီးအောင်နေလို့မရတော့ဘူးကျွန်တော်သူ့ကိုချစ်နေမိပြီထင်တယ်
""မလိုဘူး! ခင်ဗျားကျွန်တော့်ကိုစိတ်ပူပေးစရာမလိုဘူး""
""ယံကိုယ့်ကိုစိတ်ဆိုးနေတာလားဟင်""
ဒေးကသူ့ပါးပေါ်လက်ကလေးတစ်ဖက်တင်လာပြီး""မနက်ကကိစ္စအတွက်ဆိုရင် ကိုယ်ယံကိုတောင်းပန်ပါတယ် ကိုယ်စိတ်မထိန်းနိုင်လိုက်လို့ပါ""ယံကသူ့ပါးပေါ်ကဒေးရဲ့လက်ကိုဖက်ခနဲပုတ်ထုတ်လိုက်ပြီး""ခင်ဗျား! ကျွန်တော်ကယောကျာ်း အဲ့ဒီ့ဘာမဟုတ်တဲ့ရူးကြောင်ကြောင်အနမ်းတစ်ခုတွက် ဘာကိုခံစားပြနေရမှာလဲ""
""ယံ!""ဒေးကမျက်ရည်တွေဝဲလာပြီး သူ့ပုခုံးတွေကိုဆုတ်ကိုင်လာတယ်
YOU ARE READING
ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)
Romantikဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ