Part6(Uni/ZG)

6.1K 290 8
                                    

ဒေးက ရေချိုးပြီး အညိုရောင်‌body fit T-shirtနဲ့ဂျင်းဘောင်းဘီအနက်ရောင်တစ်ထည်ပဲဝတ်ထားပြီးအပြင်ထွက်လာလိုက်တယ်

လက်ထဲမှာတော့ကား‌သော့၊ဖုန်း ပိုက်ဆံအိတ်ကမပါမဖြစ် တော်နေကြာပိုက်ဆံရှင်းမပေးပဲ တစ်ယောက်ထဲထားသွားရင် ကိုယ်ပဲဒုက္ခရောက်နေမှာစိုးရတယ်

ပြောရတာမဟုတ်ဘူး ရုပ်ကလေးက ကြည်စင်သလောက် စိတ်ကမျောက်စိတ်။

ကိုယ်ကအခန်းပြင်ရောက်တာတောင် ထမင်းလိုက်ကျွေးမဲ့သူကအခုထိထွက်မလာသေးဘူး။

သူကျွေးရမှာကြောက်လို့ အခန်းအောင်းနေတာလားမသိပါဘူး

""ဒေါက် ဒေါက်!""ဒေးက အခန်းတံခါးခေါက်ကြည့်လိုက်တယ်

""လာပြီ""ပြန်ထူးဖော်တော့ရသေးသားပဲ

ယံက တံခါးကိုဖွင့်လိုက်တော့ ဘေးခွဲမကျတကျဆံပင်ကလေးနဲ့ ရှပ်အိင်္ကျီအဖြူအပွကလေးကို‌ ဂျင်းဘောင်းဘီထဲထည့်ဝတ်ထားတာကြောင့် သူ့မျက်နှာလေးကပိုနုနေသည်

မျက်နှာပေါ်မှာလူတွေချစ်စရာကောင်းတယ်လို့သတ်မှတ်ကြတဲ့ ပါးချိုင့်တွေ မဲ့နက်ကလေးတွေမရှိပါပဲ ပါးရိုးသွယ်သွယ် မျက်အိမ်ကျယ်ကျယ် ကလေးနဲ့ ပြုံးပြလို့ပေါ်လာတဲ့သွားတန်းလေးက သူ့နှလုံးကို သိမ့်ခနဲခုန်တယ်

ကျောင်းအပြန်တောင်တန်းတွေကြားက သက်တန့်ရောင်ဖိတ်ဖိတ်အောက်မှာ သွားတန်းလေး‌ပေါ်ရုံဖွဖွပြုံးတဲ့ သက်ဝေယံရဲ့အပြုံးလေးမှာ 12နှစ်သားကျွန်တော်ရူးခါသွားရသလိုပဲ။

အောက်ကိုငုံ့ကြည့်လိုက်တော့ခြေမျက်စိပေါ်နေတဲ့ဂျင်းဘောင်းဘီအပြာလေးနဲ့သူ့ဘွတ်ဖိနပ်အဖြူလေး ကြိုးချည်တာကစ သိပ့်ကိုသက်ရပ်လွန်းတယ်

မြင်နေရတဲ့ခြေမျက်စိ‌ရဲရဲလေးမှာ ကိုယ့်အကြည့်တို့မလွှဲဖယ်မိ

ဝင်သက်တစ်ခါရှိုက်တိုင်း သိမ့်ခနဲလှိုက်ခုန်တဲ့ဒီနှလုံးက 12နှစ်တာလုံးလုံး သေဆုံးပြီးမှ အခုတဖန်နိုးထလာသလို မင်းဘယ်သူလဲ ကိုယ်တကယ်သိချင်မိတယ်

""သွားမယ်လေ""

ဒေးကအဲ့တော့မှ ငေးကြည့်နေရင်းကနေ သတိပြန်ဝင်လာတယ်

ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)Where stories live. Discover now