ယံအလုပ်ကပြန်ရောက်လာတော့ဒေးရဲ့အခန်းကိုဖွင့်ပြီးဝင်သွားလိုက်တယ် မောင်ဒီနေ့ကျွန်တော့်ကိုအလုပ်လာမကြိုဘူး။
အခန်းထဲရောက်တော့ မောင်ကအခုမှရေချိုးထားတယ်ထင်တယ် ပြတင်းပေါက်နားမှာရပ်နေပြီး ခါးအောက်ပိုင်းမှာ ဂျင်းဘောင်းဘီအနက်ရောင်တစ်ထည်ပဲဝတ်ထားပြီး အပေါ်ပိုင်းအဝတ်ဗလာနဲ့ ဆံပင်တွေကရေစိုနေတယ်
မောင်ကအသားညိုတာတောင်မောင့်ကျောပြင်ကျယ်နဲ့ပုခုံးပေါ်မှာ အနီကွက်တချို့ကိုမြင်နေရတယ်
အခန်းထဲမှာလဲ ဆေးလိပ်နံ့ခပ်သင်းသင်းကိုရနေတယ် ဒါပေမဲ့မောင်ကဆေးလိပ်မသောက်တတ်ဘူးလေ
ပြတင်းဘောင်ပေါ်ကို အကြည့်ရောက်မိတော့သောက်လက်စဆေးလိပ်တစ်လိတ်နဲ့သောက်ပြီးသားဆေးလိပ်တိုတစ်ခုကိုတွေ့တယ်
ယံကဒေးအနားကိုလျှောက်သွားလိုက်ပြီး အနောက်ကနေ ခါးကိုဖက်လိုက်ပြီး ကျောပြင်ကျယ်ပေါ်ပါးလေးကပ်ပြီးခေါ်လိုက်တယ်
""မောင်""
မောင်ကသူ့ကိုလှည့်ကြည့်မလာသလို အသံလဲတိတ်နေတယ်
""မောင်ဘာလို့ဆေးလိပ်တွေသောက်နေတာလဲ မောင်ကျွန်တော့်ကိုစိတ်ဆိုးနေတာလားဟင်""ဒေးကတုတ်တုတ်မျှမလှုပ်တာကြောင့်ယံကဒေးပုခုံးစွန်းတစ်ဖက်ကိုကိုင်ပြီးဆွဲလှည့်လိုက်တော့""ဘုရားရေ!""
""မောင်! မောင်ဘာဖြစ်လာတာလဲဟင်!""ယံကသူ့မျက်နှာကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး""မျက်ခုံးမှာလဲကွဲနေတယ် မောင့်နှုတ်ခမ်းတွေလဲသွေးကြေဥနေတယ် မျက်နှာတစ်ခုလုံးလဲညိုပုတ်နေတာရစရာမရှိဘူး မောင့်မျက်လုံးတွေနားတွေထိခိုက်သွားရင်ဘယ်လိုလုပ်မလဲဟမ်!""
""မောင်ဘာဖြစ်လာတာလဲလို့ကျွန်တော်မေးနေတယ်လေ!""
""boxingထိုးလာတာ""
""မောင်ဘာလို့အဲ့လိုလုပ်ရတာလဲ!""
""မောင်တစ်ခုခုကိုမှ နာကျင်အောင်မလုပ်လိုက်ရရင် ကျေနပ်မှာမဟုတ်ဘူးယံ!""
ယံကသူ့လက်တစ်ဖက်ကို ပါးပေါ်ဆွဲတင်လိုက်ပြီး""အဲ့တာဆိုလဲ မောင်ကျွန်တော့်ကိုရိုက်လိုက်လေ! မောင့်အစားကျွန်တော်နာသွားတာမှကောင်းအုံးမယ် အခုတော့!""
YOU ARE READING
ဝေဟင်ထက်ကချစ်ပန်းကလေး(Completed)
Romanceဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ