ချမ်းအေးနေသည့်ဒီဇင်ဘာညရဲ့တစ်ညတွင်အမျိုးသမီးတစ်ဦးမှာယခုလေးတင်မွေးဖွားခဲ့သည့်ကလေးငယ်အတွက်ပူဆွေးနေ၏။အမျိုးသားဖြစ်သူကတော့ဇနီးသည်ထံအားပေးစကားပြောနေပေမယ့်ထိုသူကိုယ်တိုင်လည်းဒုတိယသားအတွက်မဖြစ်လာသေးသည့်အနာဂတ်ကိုတွေးပူနေပြီးသားကြီးဖြစ်သူမှာတော့ဖြူစင်သည့်ကလေးသာသာသာရှိနေသေးသည်ကြောင့်မို့ညီလေးတစ်ယောက်ရပြီဟုဆိုကာဝမ်းသာနေလေသည်။
"ကျွန်တော်ပြောတာဘယ်လိုသဘောရပါသလဲ"
"ဆရာရယ် ကလေးအသက်ပြည့်မှကလေးသဘောကိုမေးပြီးကျွန်မတို့စီစဉ်လိုက်ပါမယ် သားလေးရဲ့ဆန္ဒကိုတော့မိခင်ဖြစ်တဲ့ကျွန်မအနေနဲ့အတတ်နိုင်ဆုံးဖြည့်ဆည်းပေးမှာပါ"
"ဒီလိုသာမာန်မဟုတ်တဲ့ကိစ္စတစ်ခုကိုလက်သင့်ခံပေးတဲ့အမရဲ့မိခင်စိတ်ဓာတ်ကိုကျွန်တော်ချီးကျူးပါတယ် ကဲ ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါဦး"
ဆရာဝန်ထွက်သွားသည်နှင့်မျက်ရည်ကဆက်တိုက်ဆိုသလိုကျလာသည်။ပတ်ဝန်းကျင်ကဘယ်လိုစကားဆိုပါစေ၊ခင်ဟေမာန်ဆိုသည့်သူမကတော့သူ့ကလေးတစ်မျက်နှာသာကြည့်မည်။သားကြီးပြည့်ဘုန်းလျှံကတော့ညီငယ်လေးရပြီဟုဆိုကာကလေးပီပီပျော်နေရှာသည်။သူမဓာတ်မှန်ရိုက်စစ်တုန်းကလည်းယောကျာ်းလေးလို့ပဲသိခဲ့ပြီးတစ်ရပ်ကွက်လုံးကလည်းထိုသို့သာသိထားခဲ့သည်လေ။
"ခင် အတွေးမလွန်ပဲနားနားနေနေနေပါအုန်းလား ကိုယ်တို့သားလေးကဘယ်လိုဖြစ်နေပါစေကိုယ်တို့ချစ်ရင်ရပြီမလားခင်ရဲ့"
"ဒါတော့ဒါပေါ့ ကိုဝင်းလျှံ သို့ပေမယ့်ခင်တို့သားလေးကအရွယ်ရောက်လာခဲ့သော်ပတ်ဝန်းကျင်ရိုက်နှက်မှုတွေခံနိုင်ရည်ရှိပါ့မလား"
"အိုး ခင်ရယ် ရှည်ရှည်ဝေးဝေးသိပ်စဉ်းစားနေရော့တယ် ကိုယ်တို့သားငယ်လေးကသန်မာတဲ့ကလေးတစ်ယောက်ဖြစ်လာမှာပါ"
အမျိုးသားဖြစ်သည့်ကိုဝင်းလျှံရဲ့စကားကိုအသိမှတ်ပြုသလိုခေါင်းငြိမ့်ပြကာပင်ပန်းနေသည်ကြောင့်မျက်လုံးစုံမှိတ်ချလိုက်၏။သူမတွေးပူနေသည့်အရာများဖြစ်မလာပါစေနဲ့လို့သာဆုတောင်းရုံတတ်နိုင်လေသည်။
*********