ယနေ့ဘုန်းကြီးကျောင်း၌အလှူရှိသည်ကြောင့်သွက်ဆိုင်ကိုပိတ်ပြီးကေခိုင်နှင့်အတူဝိုင်းကူလုပ်ကိုင်ပေးနေ၏။သီးစုံပဲကုလားဟင်းနှင့်ငါးခြောက်ကြော်၊ငပိထောင်းတို့ဖြင့်တွဲဖက်ကျွေးသည်ကြောင့်တစ်ရပ်ကွက်လုံးကျွတ်လာစားကြသည်။သွက်တို့ရပ်ကွက်ရဲ့ဘယ်လပြည့်နေ့မဆိုနှစ်စဉ်နှစ်တိုင်းထိုကဲ့သို့ပါလေ။
သီးစုံဟင်းကိုသံပုံးထဲထည့်ဆွဲရင်းစားပွဲဝိုင်းထံလိုက်လံဖြည့်ပေးရသည်။ကေခိုင်မကတော့တို့စရာပန်းကန်တွေလိုက်ဖြည့်ပေးနေ၏။ရပ်ကွက်ထဲကလုပ်အားပေးအဖွဲ့ရှိပေမယ့်လည်းသူ့တာဝန်ကိုယ့်တာဝန်ကိုယ်စီဖြင့်ဆောင်ရွက်နေကြသည်။ကုသိုလ်လည်းရ၊ဝမ်းလည်းဝပါ၏။
"သွက်ရေ ဒီလူလေး လေးယောက်ကို အချိုရည်ဖြည့်တဲ့နေရာဆီခေါ်သွားပေးလိုက်ပါအုန်း"
"ဟုတ်ကဲ့"
ရပ်ကွက်ခေါင်းဆောင်ဒေါ်အုန်းဆို
သောအမျိုးသမီးကြီးပြောလာသည့်လူလေးယောက်ကိုကြည့်လိုက်တော့
သူသူတို့အိမ်ကလူတွေပင်။ကိုယ့်ရပ်ကွက်မဟုတ်ပေမယ့်လည်းဒီလိုဝိုင်းဝန်းကူညီပေးမည်ဆိုသည်ကြောင့်သွက်ရင်ထဲကြည်နူးနေမိသည်။ဒီလူလေးယောက်ဟာစိတ်စေတနာကောင်းမည်ဟုလည်းသွက်ထင်မြင်ချက်ပေးလိုက်မိ၏။"သွက်ရေ ချင်းလေး ငါခေါ်သွားပေးလိုက်မယ်နော်"
ကေခိုင်မပြောလာသည့်စကားကြောင့်သွက်ရယ်မိလိုက်သည်။သွက်သူငယ်ချင်းမကအကွက်ဆင်နေသည်မလား။"မခေါ်သွားရပါဘူး ဟိုဘက်ဝိုင်းမှာတို့စရာလိုတယ်တဲ့ သွားတော့ "
"ဟွန့် သွက်စုတ်"
သွက်ပြောလိုက်တော့ကေခိုင်ကပုံးကိုဆောင့်ကြီးအောင့်ကြီးသယ်သွားပုံကြောင့်သွက်ပါးချိုင့်လေးတစ်ဖက်ခွက်ဝင်သွားအောင်ပြုံးမိသွားသည်။"သွက်"
အနားကထိုသူခေါ်လာမှသွက်သတိကပ်သည်။"ဟုတ်သား သွက်လိုက်ပို့ပေးမယ် လိုက်ခဲ့ကြ"
ရှေ့ကလမ်းပြသူသွက်ကတော့သတိမထားမိပေမယ့်အနောက်ကသုံးယောက်ကတော့ခရာမင်းဈာန်ကိုအမျိုးမျိုးအဖုံဖုံတွတ်ထိုးစနောက်နေရင်းလိုက်ပါသွားကြ၏။