Part(10)

596 30 2
                                        

ဒေါ်ဧပရယ်အောင်တစ်ယောက်သားသားမပြန်ခင်မနက်စာကိုမီးဖိုချောင်ထဲကိုယ်တိုင်ဝင်ပြီးစီမံနေ၏။သားသားကြိုက်သည့်ကြက်ပဲဟင်းရည်ကိုချက်‌ပြီးလျှင်နံပြားဖုတ်ရအုန်းမည်။ထိုမနက်စာဟာသားသားငယ်ငယ်တည်းကအရမ်းကြိုက်သည့်မြန်မာအစားစာတစ်မျိုးဖြစ်သည်။

ချက်ပြုတ်ပြီးစီးသည်နှင့်အမျိုးသားဖြစ်သူကဝင်လာပါလျှင်ဒေါ်ဧပရယ်အောင်ပြုံးပြီးမင်္ဂလာနှုတ်စကားပြောတော့ပါးနှစ်ဖက်ထံနွေးထွေးသည့်အကြင်နာအနမ်းကျရောက်၏။

"ဈာန်တို့‌ဖေ သားသားကိုဝင်မနှိုးခဲ့ဘူးလား"

"ဝင်နှိုးခဲ့တယ် ဟန်နီ့သားကခဏနေဆင်းလာပါမယ်တဲ့"

သူမအမျိုးသားကနိုင်ငံခြားသားဖြစ်ပေမယ့်မြန်မာစကားကိုရေလည်အောင်ပြောတတ်သည်။သူမတို့အိမ်ထောင်သက်တမ်းပဲမနည်းတော့ပါဘူးလေ။

"မောနီး ဒယ်ဒီနဲ့မား"

"မောနီး ‌သားသားကြိုက်တဲ့ကြက်ပဲနဲ့နံပြားချက်ထားတယ်"

"ဟာ မားကလည်းအပင်ပန်းခံလို့ ကျွန်တော်အပတ်တိုင်းပြန်လာနေကျကို"

"မင်းမားက တစ်ပတ်လုံးတောင်သူကိုယ်တိုင်ချက်ပြီးမင်းဆီသွားပို့ချင်နေတာ"

ဒယ်ဒီ့စကားကြောင့်ခရာပြုံးလိုက်သည်။မားကခရာ့ကိုအရမ်းအကဲပိုသလိုတစ်ဦးဖြစ်သောကြောင့်လည်းတုန်နေအောင်ချစ်သေးသည်။

"ဈာန်တို့ဖေက မနာလိုနေတာအသိသာကြီး"
ခရာကမားခေါ်သလို‌ခေါ်ပြီးဒယ်ဒီ့ကိုစတော့

"ငါ့ဟန်နီလက်ရာကိုငါလူပျိုပေါက်တည်းက စားလာတာ မင်းငါနဲ့ယှဉ်လို့မရပါဘူး"

"တော်ပြီသား‌ဖတွေ မနက်စာကိုအေးဆေးစားတော့ အလုပ်သွားချိန်နောက်ကျနေမယ်"

မားကပြောရင်းနဲ့ပင်ကြက်ပဲဟင်းရည်ကိုဒယ်ဒီ့ပန်းကန်နဲ့ခရာ့ပန်းကန်ဆီထည့်ပေးလာ၏။ခရာတို့သားဖဟာမားနှင့်ပတ်သက်လျှင်စနောက်နေမြဲဖြစ်သည်။မားကိုသားဖနှစ်ယောက်ထဲဘယ်သူ့ကိုအချစ်ပိုသလဲဟုမေးကာစကားနိုင်လုတတ်သေးပြန်သည်။ဒါဟာခရာအိမ်ပြန်တိုင်းဖြစ်နေကျဖြစ်စဉ်တစ်ခုပင်။
------------------
"ကိုကြီး တကယ်သွားမို့လား"

He (Or)She  {Complete}Where stories live. Discover now