Part(12)

603 35 4
                                        

ခရာ ခု Asin Cafeဆိုင်မှာထိုင်ပြီးတစ်‌
ယောက်သောသူကိုစောင့်နေ၏။မနေ့ကသွက်သူငယ်ချင်းထံမှစာတစ်စောင်ရခဲ့သည်။ထိုစာမှာတော့

_အကို ကျွန်မကသွက်ရဲ့သူငယ်ချင်းကေခိုင်ပါ။သွက်ကိုတွေ့ချင်ရင်Asin Cafe ကိုမနက်ဖြန်ညနေ4နာရီလောက်လာပေးနော် ဝိုင်းနံပါတ်က23။ပြီးတော့ဒီကိစ္စကိုသွက်မသိဘူးရယ် ကျွန်မဘာသာစီစဉ်ပေးတာ Good luck hee: )

ပြန်စဉ်းစားမိတော့ဒီအ‌နေထားကသူ့သူငယ်ချင်းကိုအရောက်ပို့နေတာမလား။ဘီဘီစီသူငယ်ချင်းကိုတော့ဒီတစ်ခါခရာကျေးဇူးတင်မိသည်မှာအမှန်။လေးနာရီစွန်းနေသည့်တိုင်သွက်ကမရောက်လာသေး။ဆိုင်လေးကအစိမ်းနဲ့ခရမ်းရောင်သာမျှသုံးထားပြီးဝိုင်းနံပါတ်လေးတွေရယ်၊ပြီးတော့ထိုဝိုင်းဟာလူတစ်ရပ်စာလောက်အကာလုပ်ထားသေးသည်။ဒါ‌ကြောင့်လည်းအပြင်အာရုံမလွင့်‌ဖို့အတွက်စာဖတ်သမားတွေကျောင်းသားတွေအလာ‌များတာဖြစ်မည်။

ခရာ့အတွက်လည်းအဆင်ပြေသည်လေ။သာမန်ဆိုင်လိုသာဆိုခရာ့ကိုမြင်ပြီးသွက်ကချက်ချင်းပြန်လှည့်ပြန်မည့်လူမျိုး။လူချင်းတွေ့ဖို့မပြောနဲ့ဖုန်းတွေမက်ဆေ့တွေတောင်အပြန်စာမရှိဘူးမလား။

"ဟင်"
အာမေဋိတ်အသံသေးသေးလေးနဲ့အတူအဝမှာတင်ခရာ့ကိုရပ်ကြည့်နေသူကိုခရာကသွားခေါ်လာပြီးခုံမှာထိုင်စေလိုက်သည်။

ပြီးနောက်ခရာအရမ်းသိချင်နေသည့်အရာကိုထုတ်မေးလိုက်၏။

"ကျွန်တော့်ကိုရှောင်နေတာအရမ်းများနေပြီမထင်ဘူးလား"

သွက်အရှေ့ကလူရဲ့စကားသံတွေသွက်မကြားရသေးဘူး။သွက်အခုထိအတွေးထဲနစ်မြောနေတုန်းဖြစ်သည်။နေ့လည်ကထွက်သွားသည့်ကေခိုင်မကသွက်ထံဖုန်းဆက်လာပြီးလေးနာရီလောက်ဒီဆိုင်ကိုလာဖို့ပြောလာသည်။သွက်ရောက်လာတော့လည်းသူမဟုတ်ပါပဲသွက်မထင်ထားတဲ့သူဖြစ်နေ၏။ဘယ်သူကဘယ်လိုဒီလိုဖြစ်စေခဲ့တာလဲ။

"ဟင်လို့ ကျွန်တော်မေးနေတယ်လေ"

"နေ နေပါအုန်း ခရာကဒီလိုစီစဉ်လိုက်တာလား သွက်ကိုအမှန်တိုင်းဖြေပေးပါ"

He (Or)She  {Complete}Where stories live. Discover now