တဖြည်းဖြည်းနဲ့ခရာ့လူဗိုက်လေးတောင်ပူလာပြီ။၇,၈လထဲဝင်နေပြီဖြစ်လို့အတော်သင့်လုံးဝန်းနေ၏။အရင်လိုဝမ်းဆက်လေးတွေဝတ်လို့မရတော့သည်ကြောင့်ဗိုက်ဖုံးဂါဝန်သို့မဟုတ်ခရာ့ရှပ်အင်္ကျီအကြီးတွေယူဝတ်လေ့ရှိသည်။ခရာ့လူရဲ့ဗိုက်ကိုကြည့်ပြီးနှစ်ဖက်မိဘတွေမှာယောကျာ်းလေး၊မိန်းကလေးဟုဆိုကာအမျိုးမျိုးထင်ကြေးပေးနေကြသေးသည်။ဒီအတောအတွင်းအသွားလာအနေထိုင်လည်းဆင်ခြင်သလိုအစားအသောက်လည်းဆင်ခြင်ပါ၏။အစပ်၊အချဉ်တွေအရမ်းစားချင်လာသည့်ခါတောင်းစားတတ်ပေမယ့်တကယ်ပြင်ဆင်ခိုင်းသည့်ခါကျအနည်းငယ်သာထည့်ခိုင်းပြန်သည်။ဒါကလည်း
"သွက်ကအချဉ်စပ်အရမ်းစားချင်ပေမယ့် သားကြောင့်မစားတော့ဘူး သွက်သားလေးကိုအထိခိုက်မခံဘူး အဲ့ဒါကြောင့်သွက်ကပဲဆင်ခြင်တော့မယ်"
ဟုဆိုကာဗိုက်ထဲကသားကိုကြည့်သည်။အမျိုးသားကိုယ်ဝန်ဆောင်ဖြစ်သည်ကြောင့်တစ်စုံတစ်ခုမှားယွင်းသွားမှာကိုလည်းစိုးရိမ်ကာခရာ့လူကအစစအရာရာဆင်ခြင်သည်။အိပ်ခါနီးတိုင်းခရာ့လက်ကိုဆုပ်ကိုင်တတ်ပြီးအနမ်းပေးကာအိပ်နေကျသူကအနမ်းမပေးတော့ပါပဲအနမ်းတောင်းသူဖြစ်လာခဲ့သည်။ဆံပင်ရှည်တွေမညှပ်ပါပဲခေါင်းစည်းကွင်းအပျော့ဖြင့်အမြဲစည်းထား၏။ပန်းတစ်ပွင့်ကတော့အမြဲတမ်းပန်လေ့ရှိသေးသည်။ခုလည်းအနည်းငယ်ဖောင်းသယောင်ဖြစ်နေသည့်ခြေဖမိုးတွေကိုဆေးလိမ်းပေးနေ၏။ပြီးလျှင်ဗိုက်ကြောပြတ်မည်စိုးသည်ကြောင့်ဆရာမဆီကတောင်းထားခဲ့သည့်အဆီကိုလိမ်းပေးသည်။ဗိုက်ကိုအသာပွတ်လိမ်းရင်း
"ဒယ်ဒီ့သားက ဒီနေ့ငြိမ်နေပါလား"
ခါတိုင်းနေ့ဆေးလိမ်းပေးလျှင်သွက်ဗိုက်ကအနည်းငယ်လှုပ်တတ်သည်။ထိုသည်ကလည်းဗိုက်ထဲကကလေးကသူကျန်းမာကြောင်းသိစေချင်လို့ကန်တာလို့ပြောကြသည်။သို့ပေမယ့်ထိုကန်ချက်တစ်ချက်တိုင်းခရာလူ့မျက်နှာလေးညှိုးသွားတတ်တာကိုတော့ခရာသဘောမတွေ့ပေ။"ကိုကို"
"ဗျာ"
"သားကကိုကိုနဲ့တူရင်ကောင်းမယ် ကိုကို့လိုခန့်ချောကြီးဖြစ်စေချင်တာ"