လူငယ်လေးယောက်လိုက်ပါစီးနင်းလာသည့်ကားလေးတွင်းဝယ်'ဝတ်မှုန်'ဟုခေါင်းစဉ်အမည်ရှိသောခင်မောင်တိုးသီချင်းသံဟာတစ်ကားလုံးပျံ့နှံ့နေပြီးလူလေးယောက်မှာလည်းတီးတိုးစွာလိုက်သီဆိုနေကြ၏။
"မောင်ဟိန်း boxထဲက ဆေးလုံးတစ်ချက်လောက်ယူပေး"
"လမ်းတဝက်တောင်ရောက်နေပြီ ခုမှမူးရလားမင်းဟာကလည်း"
"မူးတော့သိပ်မမူးဘူးကွ နည်းနည်းနေရတာခက်နေလို့"
"ညက အဝကြုံးခံထိထားတာမလား မင်းသောက်ခွက်ကိုမြင်တာနဲ့သိတယ်"
"အေးလေ မင်းကလည်းပင်ပန်းနေရင်မလာခဲ့နဲ့ပေါ့ နောက်မှမင်းဘဲကြီးကိုလိုက်ပို့ခိုင်းလည်းရနေတာကို သောက်ရမ်းတွေသိတတ်ပြနေတယ်ပေါ့ ဟုတ်လား"
"သူပါရင်ငါပိုကျဉ်းကျပ်တယ်ကွ သူ့အကြောင်းမသိတာလည်းမဟုတ်ပဲ လူကပင်ပန်းရတဲ့ထဲ မင်းတို့ကတစ်မျိုး"
"တွဲလာတာပဲ သုံးလေးနှစ်ရှိနေတဲ့အပြင်မင်းတို့အကြောင်းတစ်နိုင်ငံလုံးသိနေတာပဲကို သောက်ကဲကိုပိုလွန်းတယ်"
"မင်းပဲပြောလိုက်တော့ မင်းမြတ်"
"ဟျောင့် ခရား မင်းနှုန်းသားလေးကိုဘယ် လေဒီလေးကလှုပ်ခတ်သွားတာလဲကွ "
မောင်ဟိန်းအပြောနဲ့အတူခရာ့ပုခုံးကိုလှုပ်ကိုင်ရမ်းလာသည်ကြောင့်
"ဟျောင့်.!!.ကားမောင်းနေတယ်လေကွာ လက်သရမ်းပြန်ပြီ မေဘေး"
"ဘာဖြစ်လို့လဲ ဟျောင့်"(စစ်ဘုန်း)
"ဒီမှာလေ နှင်းဆီဖြူလေးတစ်ပွင့် နွမ်းလို့တောင်ခြောက်ချင်နေပြီ ခရားလေးကသိမ်းထားတာ ဆိုတော့ ပေါ့သေးသေးတော့မဟုတ်ဘူးထင်တယ် ဟေ့ကောင်တွေရေ"
"လျှိုထားပြန်ပြီလား မင်း"
"ဘယ်ကလျှိုရမှာလဲကွာ အဲ့ပန်းကဘယ်လေဒီဆီကမှမဟုတ်ဘူး ဟိုးနေ့ကငါဘုရားပန်းဝယ်တာတစ်ပွင့်လက်ဆောင်ပေးလို့ ဘောက်စ်ထဲ ထည့်ထားတာ"
"ယုံလား ဟျောင့်တွေ"
"မယုံ"
သုံးကောင်သားတက်ညီလက်ညီမယုံဟုဆိုကြ၏။ခရာကလိမ်မတတ်တဲ့သူမို့ငယ်ပေါင်းဖြစ်သည့်သကောင့်သားတွေကအထာနပ်သည်။