သွက်ထံဟိုအမျိုးသမီးပြန်ဆက်သွယ်လာပြီးဆိုင်တစ်ဆိုင်မှာတွေ့ဖို့ချိန်းထားသည်ကြောင့်သွက်ထိုဆိုင်ကိုသွားရန်ပြင်နေ၏။ခါတိုင်းလည်းကေခိုင်နဲ့အတူအပြင်သွားဖူးနေသည်ကြောင့်
ခရာ့ကိုအသိမပေးပါပဲကေခိုင်နဲ့အတူသွားဖို့စီစဉ်ထားသည်။ရောက်ပြန်တော့လည်းနှစ်ဦးတည်းပြောချင်သည်ဆိုလာသဖြင့်ကေခိုင်ကတစ်ခြားဝိုင်းကိုရှောင်သွားပေး၏။"ဘာကိစ္စရှိလို့လဲ မသိဘူး"
"ဪ ဒီတိုင်းပါပဲ ယုကမင်းနဲ့ခင်ချင်တာလေ အဲ့တာကြောင့်ထမင်းစားဖိတ်လိုက်တာ"
"ဟုတ်ကဲ့ပါ အရင်တစ်ခေါက်တည်းကနဲ့ထပ်မတွေ့ဖြစ်တော့ အရေးကြီးကိစ္စရှိတယ်ထင်သွားတာ"
"မဟုတ်ပါဘူး ဒါနဲ့လေယု တစ်ခုလောက်သိချင်လို့"
"ဟုတ်"
"ဒီလိုလေ ဈာန်နဲ့မင်းနဲ့က အိပ်ပြီးပြီလား"
"ဟင် ဘာကိုဆိုလိုချင်တာလဲ"
"ဟိုကိစ္စလေ မင်းသိမှာပါယုပြောချင်တာ"
"ဟ ဟအင်း"
"အယ် မဖြစ်နိုင်တာနော်"
"ဘာလို့လဲဟင်"
"စျာန်ကအိပ်ရာပေါ်ကကိစ္စကိုအရမ်းမက်တာ မသိဘူးလား စေ့တောင်စေ့စပ်ထားပြီးပြီ အဲ့တာမလုပ်ရသေးဘူးပေါ့လေ အံ့ဩဖို့ကောင်းနေပြီ"
သွက်ထိုအမျိုးသမီးပြောချင်သည့်အကြောင်းရာကိုနားလည်သည်။တကယ်လည်းခရာကသွက်ကိုထိုကိစ္စနဲ့ပတ်သက်ပြီးဘာအဆင့်မှမကျော်ပေ။
"မဟုတ်မှ မင်းကမိန်းမအစစ်မဟုတ်လို့များလား သိတယ်မလားစျာန်ကအရင်ကမိန်းမတွေချည်းတွဲလာတာလေ ပြီးတော့အိပ်ယာပေါ်ကကိစ္စလည်းမိန်းမတွေနဲ့ပဲလေ မင်းကဟိုမရောက်ဒီမရောက်လေးဆိုတော့...."
အရှေ့မှာမျက်စိမမျက်နှာပျက်နေသူကိုအရသာခံကြည့်ပြီးထပ်ပြောသည်။
"မင်းကိုစိတ်ကုန်သွားနိုင်တယ်နော် အချစ်ပဲပါပြီး အဲ့ကိစ္စတွေမပါရင်လည်းမမြဲဘူးလေ ကြည့်ရတာအချစ်တောင်ပါရဲ့လားပဲ အချစ်လည်းမပါ အဲ့ကိစ္စလည်းမပါဆိုမင်းတို့ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးထင်တယ်နော် အိုး ဒီလိုတွေပြောနေလို့တစ်မျိုးမထင်နဲ့နော် ယုကမင်းကိုသိစေချင်ရုံပဲ ဘာလို့ဆိုယုကအရင်လူဆိုတော့ယုသိပ်သိတာပေါ့ယုတုန်းကဆိုတစ်ပတ်မှာနှစ်ခါတောင်သိလား ဒါတောင်ရည်းစားအဆင့်ရယ်"