Part(3)

768 38 2
                                        

မိုးတဖွဲဖွဲရွာတာကြည့်ပြီးလွန်ခဲ့တဲ့လေးနှစ်ခန့်ကအဖြစ်ပျက်တွေဆီအတွေးရောက်သွား၏။ဪ...မနူးမနပ်အရွယ်လေးမို့တစ်ဖက်လူကလှည့်စားလိုက်ရက်လေခြင်းဟုလည်းအပြစ်မဆိုသာပါ။သွက်ကိုယ်တိုင်ကိုကလိုလိုချင်ချင်နဲ့အလှည့်စားခံချင်ခဲ့သည်မလား။ထိုရင်နာစရာအတိတ်တွေကိုစဉ်းစားခန်းဖြတ်ပြီးအော်ဒါရထားသည့်အကြော်ပမာဏအတွက်ပြင်ဆင်ဖို့လုပ်ရသည်။

သွက်တို့ဆိုင်လေးကအရင်လိုဖျင်တဲကိုမှအနည်းငယ်ပြင်ဆင်ထားသည်။‌ယခုလိုမိုးတွင်း၌လာရောက်ဝယ်စားဖို့ရာစိုစွတ်နေသည်ကြောင့်အရောင်းပါးသည်။သို့ပေမယ့်စားချင်တဲ့သူများကသွက်တို့ဆီအော်ဒါလာမှာသည်ကြောင့်ပြေပြေလည်လည်တော့ရှိပါသေးသည်။ခုလည်း သူသူ တို့အိမ်ဧည့်သည်လာမည်ဟုဆိုကာအော်ဒါလာမှာသွားသည့်အကြော် အခုနှစ်ဆယ် ကိုလုပ်ရမည်။

အမည်တစ်မျိုးတည်းမဟုတ်ပါပဲအခုနှစ်ဆယ်ကိုမျှ‌အောင်လုပ်ရမည်ဖြစ်တာကြောင့်ကိုကြီးကောဖေဖေပါအလုပ်မသွားခင်ဝိုင်းလုပ်ပေးနေရသည်။အကြော်အကုန်လုံးပြီးစီးသည်နှင့်အကြော်နဲ့အချဉ်ရည်ကိုသေချာထုပ်ပိုးကာသူသူတို့အိမ်ဆီ ကိုကြီးကဆိုင်ကယ်ဖြင့်လိုက်ပို့ပေး၏။

ခြံရှေ့ရောက်တာနဲ့ခြံတံခါးတွန်းဖွင့်ပြီးသွက်ကိုယ်တိုင်ပင်ဝင်ခဲ့တော့သည်။

"သူသူရေ သူသူ"

"ဝင်လာခဲ့လိုက်တော့ သွက်"

သွက်ဝင်လာတော့ဧည့်ခန်းထဲအရွယ်ရောက်ပြီးယောကျာ်းသား လေးယောက်ကထိုင်နေ၏။ကြည့်ရတာဧည့်သည်တွေထင်ပါရဲ့။

"သွက်သွက်လည်းထိုင်ပါအုန်းလား သူသူ ပိုက်ဆံသွားယူပေးမယ်နော်"

သူသူအ‌ပြောကိုခေါင်းငြိမ့်ပြပြီးဧည့်သည်လေးယောက်ရှေ့ကဆိုဖာခုံမှာဝင်ထိုင်လိုက်၏။

"သွက် ဒီမှာအကြော်ဖိုးနော် သွက်ကိုမိတ်ဆက်ပေးရအုန်းမယ် ဒါသူသူ့ တူ
မောင်ဟိန်း နဲ့ ကျန်သုံးယောက်ကသူသူ့တူသူငယ်ချင်းတွေလေ ဒါက မင်းမြတ်၊ဒီဘက်ကစစ်ဘုန်း၊သူ့ဘေးကတော့ခရာမင်းဈာန်တဲ့ အလုပ်လေးပါးတုန်းသူသူ့ဆီလာလည်တာသူငယ်ချင်းတွေပါခေါ်ခဲ့တယ်လေ ကဲ တူတော်မောင်တို့ ဒီကလေးကသွက်ဟေလျှံတို့မင်းတို့ထက်သုံး၊လေးနှစ်လောက်ငယ်မယ်ထင်တယ်"

He (Or)She  {Complete}Where stories live. Discover now