အမြန်လမ်းမပေါ်ကကားလေးတစ်စီးတွင်းဝယ်တစ်ယောက်တစ်ပေါက်ဖြင့်ဆူညံသံတွေဟာညံစီနေ၏။
"ခရား မင်းလျှိုထားတာတွေတော်တော်ကိုများနေပြီနော် ငယ်ပေါင်းဖြစ်တဲ့ငါတို့တွေကမရိပ်မိလောက်ဘူးထင်နေတာလားမင်း" (မောင်ဟိန်း)
"မထင်ပါဘူး"
"ကြည့် ပြောလာတဲ့သောက်လေသံကိုက"(စစ်ဘုန်း)
"အဲ့ထိုးမုန့်တွေကတစ်မြို့လုံးဝေမလို့လား မင်း "(မောင်ဟိန်း)
"ကျစ်..သောက်မေးခွန်းတွေများမနေပပဲ ကားကိုသာအာရုံစိုက်မောင်းစမ်းပါ"
"ဘယ်သွားသွားဘာပစ္စည်းမှမဝယ်တဲ့ကောင်က ခုတော့ထိုးမုန့်တွေဝယ်လာလိုက်တာများတစ်မြို့လုံးပါ ဝေလို့ရတယ် အံ့ဩဘ"
"ဘယ်လက်ဆောင်ပေးမလို့လဲ ချစ်သက်လောက်ဆောင်ပေးမလို့လား"
"အဲ့တာ မင်းလင်ကိုမင်းပေး သူများမှာလိုက်တာကွာ မင်းတို့ကသောက်စကားကိုများလွန်းတယ် ရည်းစားရှိရင်ကြွားမှာပေါ့ ခရာမင်းဈာန်ကအကြွားသန်တယ်ဆိုတာမင်းတို့မသိလေသလား"
"ခုက ခိုးဥထားတာမဟုတ်လေလား"
အရမ်းတွေစကားများနေတဲ့အနောက်ခုံကစစ်ဘုန်းကိုကူရှင်ခေါင်းအုံးနဲ့ပစ်ပေါက်လိုက်၏။ခရာရဲ့သည်းခံနိုင်မှုဟာဒီထိပဲဖြစ်သည်။ထိုးမုန့်အိတ်ကိုဆွဲလာတည်းကမေးနေတဲ့အမေးတွေနဲ့တစ်ယောက်တစ်ပေါက်စကားသံတွေဟာပြန်လာတဲ့လမ်းထိပါမပြီးနိုင်မစီးနိုင်ကြပေ။ထိုးမုန့်မှာတဲ့ထိုလူရဲ့အပြစ်မဟုတ်ပါလေ။သူကိုယ်တိုင်ကိုကအကူညီလိုရင်တောင်းပါလို့စပြောခဲ့တယ်မလား။ကိုယ့်ကိုယ်ကိုသာဖြတ်ရိုက်လိုက်ချင်တော့သည်။
--------------
ပြန်ရောက်တာနဲ့လျှော်ရမည့်အဝတ်တွေကိုလျှော်စက်ထဲထည့်ပြီးလျှော်ထား၏။ထိုးမုန့်ကိုတော့ညနေအလုပ်ကပြန်မှပဲဝင်ပေးဖို့စဉ်းစားလိုက်ပြီးထိုလူရဲ့တိုက်ခန်းတည်နေရာကိုပြောပြထားရန်မက်ဆေ့တစ်စောင်ပို့လိုက်သည်။ရေချိုးပြီးနောက်အတွင်းကရှပ်အင်္ကျီအဖြူလက်ရှည်ကိုဝတ်ကာကြယ်သီးတပ်လိုက်၏။အပေါ်ကကြယ်သီးနှစ်လုံးကိုချန်ကာနက်ခ်တိုင်အမဲတပ်ပြီးနောက်လက်ရှည်ကိုတံတောင်ထိခေါက်တင်လိုက်လျှင်အညိုရောင်အသားရေပြားပေါ်ထံအကြောစိမ်းများလှစ်ကနဲပေါ်ထွက်လာ၏။
