သွက်ဒီနေ့မုန့်အချိုလေးလုပ်စားဖို့တွေးထား၏။အစကပူတင်းလုပ်စားဖို့ပါပဲ။ကေခိုင်နဲ့marketအသေးကိုသွားရင်းကန်စွန်းဥတွေတွေ့သွားသည်ကြောင့်သာကူပြုတ်လုပ်စားဖို့အကြံရသွားသည်။ဇင်းကဒီနေ့သွက်ကိုရုံးမတက်ခိုင်းပဲအိမ်မှာပဲနေခိုင်းထားသည်။သွက်လည်းကိစ္စတစ်ခုခုရှိလို့နေမှာပါဆိုပြီးဘာမှမမေးပါပဲဇင်းပြောတဲ့အတိုင်းအိမ်မှာသာရှိနေလိုက်သည်။ပျင်းသည်ကြောင့်တစ်နေ့ကဝယ်လာတဲ့ပစ္စည်းကလည်းအရံသင့်ရှိနေတာနဲ့ပဲသာကူပြုတ်ကိုစတင်လုပ်တော့သည်။
သာကူစေ့တွေကိုအရင်ဆေးပြီးရေနွေးအိုးကြိုတည်လိုက်သည်။
ရေနွေးမဆူခင်ကန်စွန်းဥအဝါနဲ့ခရမ်းကိုရေဆေးပြီးအတုံးသေးအနေထားကိုလှီးသည်။ရေနွေးဆူလာတာနဲ့ဆေးပြီးသားသာကူကိုထည့်ပြီးအနည်းငယ်မွှေသည်။အားနဲ့အများကြီးမွှေလျှင်သာကူအရည်ပျော်သွားမည်ကြောင့်အနည်းငယ်သာမွှေနေရ၏။သာကူရလာလျှင်အုန်းနို့ဘူးတစ်ဘူးကိုဖောက်ထည့်လိုက်ပြီးလှီးထားသည့်ကန်စွန်းဥတွေပါထည့်လိုက်သည်။သကြားနဲ့ဆားအနည်းပါရောထည့်လိုက်၏။အုန်းနို့ရည်အနည်းငယ်ပျစ်လာပြီဆိုတာနဲ့မီးပိတ်လိုက်သည်။အနံ့ကမွှေးကြိုင်နေသည်မှာစားချင်သဖွယ်။နေ့လည်လောက်ကျကေခိုင်အတွက်ဇင်းကိုခေါ်ပြီးပေးရမည်။သွက်ပန်းကန်စင်မှာပန်းကန်ယူနေတုန်းအနောက်ကနေသိုင်းဖက်ခံလိုက်ရသည်ကြောင့်လန့်သွား၏။သို့ပေမယ့်ရင်းနှီး
နေသည့်ရနံ့ကြောင့်ကိုကိုမှန်းသိလိုက်ရပြီးသွက်ဝမ်းသာသွားသည်။"ကိုကို့"
"ကျွန်တော်တစ်ယောက်လုံးပြန်ရောက်လာတာသတိမထားမိတာ အံ့ဩတယ်"
"ဟုတ်လား ကိုကိုရောက်တာကြာပြီလား"
"ကြာပြီ အိတ်တွေတောင်အခန်းထဲထားပြီးပြီ"
"ကိုကိုက ပြန်လာမယ်ဆိုတာမပြောဘူး သွက်လာကြိုမှာပေါ့"
"သွက်ပင်ပန်းမှာစိုးလို့ပါ"
"ကိုကိုတစ်ခါတည်းစားလိုက်ပါလား သွက် ကန်စွန်းဥသာကူပြုတ်ထားတယ်"
"စားရမှာပေါ့ သွက်လက်ရာလေးတွေလွမ်းနေတာ ဟိုမှာဘယ်ဆိုင်မှသွက်လက်ရာမမှီဘူး"
ပြောပြီးနောက်ကိုကိုကသွက်ပါးတစ်ဖက်ကိုငုံ့နမ်းလာသည်။
