သွက် ခရာပေးလာသည့်ဝတ်စုံတွေကိုယှဉ်ကြည့်ပြီးဘယ်ဝတ်စုံရွေးရမလဲမသိဖြစ်နေ၏။အရောင်အမျိုးမျိုးကွဲပြားပြီးဒီဇိုင်းစုံလာသည့်အဝတ်တွေဟာဝတ်ကြည့်တိုင်းလည်းသွက်နဲ့ကွတ်တိပင်။တစ်ချို့ကျရင်ဘတ်ပြဲကြီးတွေဖြစ်သည်ကြောင့်သွက်မဝတ်ရဲ။ပြီးတော့ယောကျာ်းဖြစ်သည့်အလျှောက်ရင်သားကမရှိပြန်။ထိုကြောင့်ရင်ဘတ်အတိဖြစ်ကာရိုးရှင်းသည့်နက်ပြာရောင်ဂါဝန်ကိုသာရွေးချယ်လိုက်သည်။dinnerပွဲဖြစ်သည်ကြောင့်မျက်စိအေးပြီးရိုးရှင်းကာကြယ်ပုံစံစိန်တွေစီရီထားသည့်ဝတ်စုံကိုရွေးချယ်လိုက်၏။
"သွက် ရွေးပြီးပြီလား"
"အင်း ဒါလေးပဲဝတ်တော့မယ်"
"အတွင်းအင်္ကျီပါယူခဲ့ပေးတယ်ဟိုအနီထုတ်ထဲမှာ ဒါဆိုကျွန်တော်အဝတ်လဲလိုက်အုန်းမယ်"
သွက်ရှေ့မှာတင်နက်ပြာရောင်suitကိုထုတ်ကာတစ်ဆင့်ချင်းလဲနေသူကိုသွက်သေချာကြည့်နေပြီးရင်
"ခရာနဲ့ မကြပ်နေဘူးလား"
"မကြပ်ပါဘူး ဒါ ကျွန်တော်ပုံမှန်ဝတ်နေကျပဲ"
သွက်လည်းဘာမှထပ်မမေးတော့ပဲရွေးထားသည့်ဝတ်စုံကိုယူပြီးရေချိုးခန်းထဲဝင်သွားလိုက်၏။အင်္ကျီကနောက်ကျောမှာဇစ်နဲ့မို့သွက်တစ်ယောက်နဲ့တင်အဆင်မပြေတာကြောင့်အပြင်ထွက်ပြီးခရာ့ဆီအကူညီတောင်းရတော့သည်။
"သွက့်ကို ကူညီပါအုန်း"
ရေချိုးခန်းရှေ့မှာခရာ့ကိုကျောပေးကာရပ်နေသည့်သူထံသွားပြီးဇစ်တပ်ပေးလိုက်၏။ခန္ဓာကိုယ်ကိုခရာ့ဘက်ဆွဲလှည့်ပြီးတစ်ကိုယ်လုံးစုန်ချည်ဆန်ချည်ကြည့်တော့
"သွက်နဲ့ကြည့်ရအဆင်မပြေဘူးလားဟင်"
"ခက်တယ် သွက်ရယ် ဘယ်ပုံစံမဆိုသွက်နဲ့လိုက်နေတာချည်း"
"အရမ်းမြှောက်ပြောတယ်"
"ပြောတာပေါ့ ကျွန်တော့်လူပဲ ဒီညပွဲမှာလည်းကျွန်တော့်လူကိုပွဲထုတ်ပြီးဘယ်လောက်လှကြောင်းကြွားရမှာပေါ့"
"ကဲတယ်"
"ကဲကဲပဲ မျက်နှာကော မပြင်ဘူးလား ဘာမှ"