အပြာရောင် luxury အခန်းထဲကအမျိုးသားတစ်ယောက်မှာတော့ခရီးတွက်လိုအပ်သည့်ပစ္စည်းများကိုထိုးထည့်နေ၏။တစ်ယောက်တည်းသမားဖြစ်သည့်အပြင်အိမ်အကူလည်းမခေါ်ထားသည်ကြောင့်ဖြစ်သလိုသာနေဖြစ်သည်။ရုပ်ရည်ကသန့်ပြန့်သလောက်ပစ္စည်းပစ္စယတွေကတော့အမြဲရှုပ်ပွနေတတ်သည်။
ဒယ်ဒီ ကျွန်တော်ဒီညနေပဲထွက်လာမှာလူ့စ်ကိုလာကြိုခိုင်းထားလိုက်ပါ။
ဟူသောစာတိုလေးတစ်စောင်ကိုAdmez Zyanဟုမှတ်ထားသည့်အမည်သို့မေးလ်ပို့လိုက်၏။
ခရာလိုအပ်သည်များပြင်ဆင်ပြီးသည်နှင့်လေဆိပ်သို့ထွက်ခဲ့သည်။ခရာ့
မွေးရပ်မြေဖြစ်သည့်ဂျာမနီသို့ခရာဟာတစ်နှစ်မှာဆယ်ခေါက်ထပ်မနည်းသွားနေရသည်။ဒယ်ဒီ့အလုပ်ကိစ္စအပြင်၊ခရာ့အလုပ်ကိစ္စတွေကြောင့်လည်းပါသည်။ခရာတို့သားဖသုံးယောက်လုံးမြန်မာပြည်မှာပဲနေဖြစ်ပေမယ့်ဒယ်ဒီ့အဖေလက်ထက်တည်းကပိုင်သည့်စီးပွားရေးလုပ်ငန်းတွေဟာဂျာမနီမှာပဲရှိသည်ကြောင့်ခရာကောဒယ်ဒီပါလုပ်ငန်းအချို့ကိုလွှဲယူထားရသည်။ဂျာမနီမှာဒယ်ဒီ့ညီကိုတွေရှိပေမယ့်တစ်ခါတစ်ရံခရာတို့သားဖပါမှဖြစ်သည့်အလုပ်ကိစ္စတွေရှိ၏။ခရာ့မွေးရပ်မြေဖြစ်ပေမယ့်ခရာမနှစ်သက်ပါပဲမာမီ့အမိမြေကိုသာခရာနှစ်သက်သည်။ဒါဟာဒယ်ဒီနဲ့တူသည့်အချက်ပါလေ။
ဂျာမနီသို့ရောက်သည်နှင့်လူ့စ်လာကြိုသည့်ကားထံလိုက်ပါခဲ့ပြီးခရာပိုင်သည့်တိုက်ခန်း၌အနားယူနေ၏။အနားယူပြီးသည်နှင့်လုပ်ငန်းတစ်ချို့ကိုအမြန်အပြီးသတ်လုပ်ဆောင်ရအုန်းမည်။
ဒူ....ဒူ......
တုန်ခါလာသည့်ဖုန်းကိုယူကြည့်မိတော့group chatကဟိုကောင်တွေvideo call ခေါ်လာတာဖြစ်၏။
"ဟျောင့် ခရား ဟိုအလှယဉ်လေး မြို့ကိုရောက်နေတယ်ကွ"
"ဘယ်လို"
"ဟုတ်တယ် ငါနဲ့မောင်ဟိန်းနဲ့အလုပ်ရုံသွားတဲ့လမ်းမှာတွေ့တာ"
"မင်းတို့မျက်စိမှားတာမဖြစ်နိုင်ဘူးလား"
"တစ်ခါမြင်ဖူးရင်သေတဲ့ထိမမေ့တဲ့အလှမျိုးကိုမှားစရာလားကွာ"