Part(19)

449 21 1
                                    

သွက်အက်စီးဒင့်က်ိစ္စမှာကားမောင်းတဲ့လူကိုဖမ်းမိထားပေမယ့်ထိုလူဟာနောက်ကွယ်ကစေခိုင်းသူကိုအဆုံးစွန်ထိမဟလာတာကြောင့်ခရာ‌ငွေနဲ့မျှားလိုက်သည်။ဒီလူ‌ဟာငွေမက်လို့လည်းလုပ်ခဲ့သည်မလား။ငွေမက်သူကိုငွေနဲ့မျှားတော့လည်းပါလာတာပဲ။ခရာထင်ထားခဲ့သည့်အတိုင်းတရားခံဟာတစ်ယောက်ထဲပင်။အရင်ကစုထားသည့်ဗီဒီယိုဖိုင်တွေအပြင်ယခုရရှိထားသည့်သက်သေကိုပါသက်ဆိုင်ရာလက်ထဲအပ်ပေးလိုက်၏။ရာရာစစခရာ့လူကိုလာထိရဲရတယ်လို့။အရင်ကကိစ္စတွေကခရာနဲ့မဆိုင်လို့လွှတ်‌ထားပေမယ့်ခုကခရာ့လူကိုလာထိတော့ခရာနဲ့ငြိလေပြီ။ပြစ်မှုတွေကမနည်းတော့ထောင်နန်းတောင်စံရမလားပဲ...ဟက်။

"ဒီတစ်ခေါက်ပစ္စည်းတွေကိုမင်းဆီပဲပို့လိမ့်မယ်"

"အေ နောက်စာရင်းကိုဇင်းနဲ့လွှဲလိုက်"

"မေးစရာရှိတယ်ဟေ့ကောင် ငါတို့လည်းအလုပ်တွေများနေတာနဲ့ပဲ လူမစုံရတာကြာပြီ"

"ဘာ မေးမလို့လဲ"

"ဒီတိုင်းသိချင်လို့‌လေ အရသာအသစ်လေးကဘယ်လိုလဲ "

"သိချင်ရင် စမ်းကြည့်လေ"

"ပြောစမ်းပါကွာ မင်းကမိန်းမတွေနဲ့ပဲနေလာတာမလား"

"မတူဘူးပေါ့ကွာ သေချာတာတစ်ခုကတော့ငါတော့စွဲသွားပြီ"

"မင်းညှာနော် မင်းဟာလေးက မင်းဒဏ်ကိုကြာရင်ခံနိုင်မှာမဟုတ်ဘူး"

"မင်းမြတ်ရာ မင်းပြောမှလား ဒါပေမယ့်နော် ငါ့လူလည်းမခေဘူး ပထမဆုံးညကတောင်ငါနဲ့မိုးလင်းပေါက်တဲ့ထိပဲ"

"နောက်နေ့မလဲသွားဘူးလား"

"နှစ်ရက်‌ပါပဲ လဲသွားပေမယ့်ငါ့ကိုဘာအပြစ်မှမပြောဘူး ကြည့်ရတာသူ့ကိုစိတ်ပျက်သွားမှာကြောက်နေတဲ့ပုံပဲ ဒါကြောင့်လည်းငါ့အလိုကိုလိုက်ခဲ့တာ ငါ့ပုံစံကိုဘယ်သူမှမခံနိုင်တာမင်းလည်းသိတယ်မလား"

"အေးး ငါလည်းအံ့ဩသွားတာမိုးလင်းပေါက်တဲ့ထိဆိုတော့ ဒါပေမယ့်နောက်နေ့လဲမယ်ဆိုတာတော့ခန့်မှန်းလို့ရတယ်"

"နောက်ထပ်တူတူနေဖြစ်တော့လည်းမိုးလင်းပေါက်ထိတော့မဟုတ်တော့ဘူးပေါ့ ပထမတစ်ခေါက်နဲ့တင်ငါတော်တော်စိတ်မကောင်းဖြစ်သွားတာ"

He (Or)She  {Complete}Where stories live. Discover now