မိုးတွေတဖွဲဖွဲရွာနေသည်ကိုကြည့်ရင်းသျှားရမာန်တစ်ယောက်သက်ပြင်းဖွဖွချကာ
"ဘေဘီ"
"ပြော"
"ဘေဘီက လေသံမာတယ်ကွာ"
"ဘာဖြစ်လဲ အဲ့တော့မကျေနပ်ဘူးလား ရည်းစားဘဝမှာတောင်ဒီလောက်ချုပ်ချယ်နေတာ ခင်ဗျားနဲ့အိမ်ထောင်ကျဖို့ကိုယောင်လို့တောင်မစဉ်းစားရဲဘူး"
"ဘေဘီ အဲ့လိုမပြောနဲ့စမ်း"
"ပြောတယ် ပြောတော့ဘာဖြစ်လဲ ကျွန်တော်လည်းယောကျာ်းဗျ ကျွန်တော့်ကိုဟိုဟာလုပ်ဒီဟာလုပ် လက်ညွှန်းထိုးညွှန်နေရအောင်ခင်ဗျားသားလည်းမဟုတ်ဘူး ကျွန်တော့်မှကျွန်တော့်လွတ်လပ်ပိုင်ခွင့်ရှိတယ် ခင်ဗျားကကျွန်တော့်ကိုချစ်တာမှမဟုတ်တာ ခင်ဗျားအတ္တတွေကြားကျွန်တော့်ကိုချုပ်နှောင်ချင်နေတာ"
"ဘေဘီ ကို့အချစ်ကိုမစော်ကားနဲ့စမ်း ကိုဘေဘီ့ကိုချစ်ခဲ့တာတစ်ခုပဲ ကိုယ့်သိက္ခာတွေရင်းပြီးဘေဘီ့ကိုလူပုံလယ်ချပြခဲ့တာတောင်မလုံလောက်ဘူးလား ဟမ်!!"
"မသိဘူး မသိချင်ဘူး ကျွန်တော့်ကိုလိုက်ချုပ်ချယ်နေတာပဲသိတယ်"
"ဘေဘီ သိပ်မဆိုးနဲ့ကွာ ကိုနေလို့သိပ်ကောင်းတာမဟုတ်ဘူး"
"မသိချင်ဘူး မနက်ဖြန် မန္တလေးသွားမှာပဲ ခင်ဗျားဆီခွင့်ပြုချက်ယူမိတာမှားတယ်သိလား ဘယ်မှပေးမသွားပဲသိမ်းထားချင်ရအောင်ကျွန်တော်ကအရုပ်မဟုတ်ဘူး"
စကားတွေတအားလွန်နေတဲ့ဘေဘီ့ကိုသျှမ်းဘက်ကပဲစိတ်လျော့ရသည်။သူမှားတာပါလေဘေဘီကသူ့အပိုင်မှန်းတစ်မြို့လုံးကောတစ်ခြားမြို့တွေကပါသိနေသည့်တိုင်ဘေဘီ့ကိုသျှမ်းစိတ်မချနိုင်သေးပေ။နုယွလှပမနေပေမယ့်သာမန်ယောကျာ်းတစ်ယောက်လိုကျားယားနေသည့်တိုင်သျှမ်းဘေဘီ့ကိုသိက္ခာတွေရင်းခဲ့သည်ထိချစ်၏။
အိပ်ယာပေါ်မှာသျှမ်းဘက်ကိုကျောပေးပြီးအိပ်နေသည့်အဆိုးဆာလေးဆီဝင်ကပ်ရင်းလည်တိုင်တွေလိုက်နမ်းတော့
"လွှတ် မပေးမသွားချင်း ကျွန်တော့်အသားထိမယ်မကြံနဲ့ ဒီမှာတွေ့လား လက်သီးနဲ့ထိုးပလိုက်မယ် ဟမ့်"