ဟိုနေ့ညက ကလပ်မှာခိုးရိုက်လာတဲ့ဓာတ်ပုံတွေကိုzoom ချဲ့လိုက် ကျုံ့လိုက်ဖြင့်ကြည့်နေမိသည်မှာအကြိမ်ပေါင်းမနည်းတော့။ဘာလို့အဲ့လောက်တောင်လှနေရတာပါလဲ။သွက်ဟေလျှံဘဝပေးကုသိုလ်ကံကောင်းချက်ကတော့ဘယ်ချိန်ပြေးကြည့်ကြည့်လှပြီးနှစ်လိုဖွယ်ဖြစ်နေတာပင်။ဒီရက်တွေထဲမတွေ့တာကြာနေပြီဖြစ်တဲ့မျက်နှာ
လေးကိုတွေ့ချင်သည်ကြောင့်ခရာ့ဘက်ကပဲဇာတ်လမ်းစလိုက်တော့သည်။_မနက်ဖြန် ကျွန်တော်အားတယ် နေ့လည်စာတူတူသွားစားကြမလား_
ပြီးနောက်ခရာလည်းမျက်လုံးစုံမှိတ်ချလိုက်တော့သည်။
တစ်ဖက်မှာ..သန်းခေါင်ကျော်ချိန်ဝင်လာတဲ့မက်ဆေ့တစ်စောင်ရဲ့ဖုန်းပိုင်ရှင်ကတော့နှစ်ခြိုက်စွာအိပ်ပျော်နေ၏။
အချိန်အားဖြင့်11ခွဲ..
အချိန်မတော်ဝင်လာတဲ့မက်ဆေ့တစ်စောင်ဟာမနက်မိုးလင်းတော့ဖွင့်ဖတ်ခံရသည်။ထိုအချိန်ကြီးနေ့လည်စာအကြောင်းပို့ထားတော့သွက်အတွက်ထူးဆန်းနေ၏။ထူးဆန်းပေမယ့်လည်းအကြွေးသုံးနပ်ကျေရင်ထပ်ဆုံစရာမရှိတော့ဘူးဟုတွေးကာနေ့လည်စာကိစ္စကိုလက်ခံလိုက်သည်။ခုလည်းလမ်းထိပ်ကဆိုင်မှာထွက်စောင့်နေ၏။တိုက်ခန်းရှေ့ထိရောက်လာပြီးအဆင့်သင့်လိုက်တက်သွားရမှာကိုသွက်အတွက်အဆင်မပြေသလိုပတ်ဝန်းကျင်ဆီကအသံမျိုးစုံထွက်မှာကိုသွက်မကြားချင်ပေ။သွက်ဘာဆိုတာသိနေကြတဲ့အပြင်တစ်နေ့တစ်မျိုးမရိုးရအောင်သွက်နားထဲပြန်ကြားသည်မှာသွက်တောင်ရိုးနေသည့်အထိပင်။
အရင်ကနဲ့မတူတဲ့ကားတစ်စီးဟာသွက်ရှေ့မှာရပ်လာပြီးတံခါးကိုဖွင့်လာပေး၏။ဒီလူဟာဥစ္စာဓနပေါကြွယ်ဝကြောင်းတစ်နေ့တစ်မျိုးမရိုးရတဲ့ကားတွေကသက်သေပြနေ၏။
"ထမင်းစားမယ့်ဆိုင်ကိုတော့ ကျွန်တော့်ဘက်ကပဲခေါ်သွားပါရစေ"
"အဲ့ဒါဆိုလည်းသွက်တတ်နိုင်မယ်ထင်လောက်တဲ့ဆိုင်ကိုပဲမောင်းပေးပါ"
"ဟုတ်ကဲ့"
လေထုဟာတိတ်ဆိတ်နေသည်မှာခရာတို့စားသောက်မည့်စားသောက်ဆိုင်ကိုရောက်သည်အထိပင်။ထိုဆိုင်ဟာမင်းမြတ်တို့ပိုင်တဲ့ထမင်းဆိုင်ဆိုလည်းမမှားပေ။ခရာကကြိုတင်ပြီးအကူညီတောင်းထားတာမို့သီးသန့်အခန်းကိုရသည်။ထိုဝိုင်းကိုပဲခေါ်လာလိုက်ပြီးထိုင်မည့်ခုံကိုခရာကဆွဲထုတ်ပေးတော့