ဒီနေ့လပြည့်နေ့မှာကိုဝန်းနဲ့ချိန်းဆိုထားသည်ကြောင့်သွက်အလှဆုံးပြင်နေပါသည်။ပါးကွက်နှစ်ဖက်ကိုညီနေအောင်လိမ်းပြီးဆံပင်ရှည်များကိုဖြန့်ချထားလိုက်၏။ဘီးကုပ်သဖွယ်ပြင်ဆင်ထားသည့်ခရေပန်းကုံးကိုလည်းပန်ဆင်ဖို့သွက်မမေ့ပါ။အဝါရောင်ဝမ်းဆက်ဖြင့်ကျော့နေအောင်လှပနေသည့်သွက်ကအမျိုးသမီးများထက်တောင်လှသည်။ချစ်ဖို့ကောင်းသည်၊ဟုမေမေ့နဲ့ကိုကြီးထံမှမကြာမကြာကြားရတတ်သည်။
ထိုအချိန်ဆိုသွက်အရမ်းပျော်ပါသည်။သွက်ရွေးချယ်လိုက်သည့်ဒီဘဝကိုသွက်အပျော်ဆုံးဖြစ်အောင်နေမည်။ယောကျာ်းလေးလိုနေပြီးအရွယ်ရောက်အိမ်ထောင်ပြုပါကတစ်ဖက်ကအမျိုးသမီးကိုအိမ်ထောင်ရေးသုခမပေးနိုင်မည်စိုးသည်ကြောင့်ယောကျာ်းဘဝကိုရွေးပြီးအမျိုးသမီးတစ်ယောက်လိုနေထိုင်ဖို့သွက်ရွေးချယ်ခဲ့ပါသည်။
မ ဟော်မုန်းဓာတ်များကြောင့်လားမသိပေမယ့်သွက်ကငယ်ငယ်တည်းကနဲ့ဆံပင်ရှည်ထားရတာကြိုက်ပြီးမြန်မာဝမ်းဆက်လေးတွေနှစ်သက်သည်။ဖိုအင်္ဂါပြောင်းလျှင်ထိုစိတ်များကုန်ခမ်းသွားမည်ဟုတွေးထင်ခဲ့ပေမယ့်ဖိုအင်္ဂါ
ပြောင်းပြီးသော်လည်းယခင်ကဲ့သို့သာဖြစ်နေစဲကြောင့်ပတ်ဝန်းကျင်ရိုက်နှက်မှုကိုသည်းခံရင်းသွက်ဒီဘဝကိုရွေးချယ်ခဲ့၏။သွက်မိသားစုဝင်တွေသွက်ကိုလက်ခံပေးတာနဲ့တင်သွက်ကျေနပ်ပါသည်။ရပ်ကွက်ထိပ်ကစေတီလေးထံရောက်တော့ကိုဝန်းပင်မရောက်သေး။တောင်ကမ်းနံဘေးထိုင်ရင်းသွက်တို့ရပ်ကွက်လေးကိုငေးကြည့်မိသည်။မြို့မကျတောမကျဖြစ်တာကြောင့်တအားလည်းဖွံဖြိုးမနေသလို၊တအားလည်းနုံချာမနေပြန်ပဲအတော်သင့်သာဖြစ်သည်။
"သွက်လေး"
"ဟင် ရောက်ပြီလား ကိုဝန်း"
"အင်း သွက်လေးကဘယ်ချိန်မဆိုလှနေတာပဲနော်"
ချစ်သူထံမှထိုစကားကြားသည်ကြောင့်သွက်ရဲ့ညိုရောင်သန်းနေတဲ့အသား
ရေတွေဟာအနည်းငယ်နီသွားသယောင်။"ကိုဝန်းကလည်း"
သွက်နားမှာကပ်ထိုင်လာသည့်ကိုဝန်းကသွက်ပုခုံးကိုဖက်ထားသည်ကြောင့်သွက်ကိုဝန်းရင်ခွင်ထဲမှီနေလိုက်၏။