မနက်မိုးလင်းတော့ဟိုသုံးကောင်လုံးဆိုင်းမဆင့်ဘုံမဆင့်ရောက်ချလာပြီးခရာ့ကိုလာလှော်ကြတော့သည်။
"စိတ်မဝင်စားတဲ့ကောင်ကလည်း ကြည့်စမ်း တစ်ခါတည်းခိုးလာတယ်တဲ့ အလှယဉ်လေးမင်းကိုတရားမစွဲဘူးလား"_ မင်းမြတ်
"စွဲစရာလား ငါဖွင့်ပြောထားတယ်ခေါ်လာတည်းက"
"မင်းကခိုးပြေးပြီးဖွင့်ပြောတယ်တဲ့ ဘာလဲကွာ သေချာပြီးလား အဲ့တစ်ယောက်ကမင်းကိုတစ်ဘဝလုံးတစ်သက်လုံးပိုင်သွားမှာနော်" _မောင်ဟိန်း
"သေချာတယ်ဟျောင့် သေချာလို့လည်းခိုးခဲ့တာ နောက်မို့ဆိုအဲ့လိုလုပ်ဖို့အစီစဉ်မရှိပါဘူး တော်တော်လက်ပေါက်ကပ်တယ်ကွာ ရင်းနှီးတဲ့အခြေနေတောင်မပေးဘူးဆိုတော့ ငါသဘောပေါက်ပြီးခိုးခဲ့တာပဲ"
"မနေ့ညကတင်တဲ့ပုံကလည်း မင်းဘာမင်းခိုးရိုက်ပြီးတင်လိုက်တဲ့ပုံမလား" _စစ်ဘုန်း
"အဟင်း...သိရင်ပြီးရောလေ"
"အခုမင်းမိဘတွေကော မဟုတ်ဘူး သွက်မိဘတွေကော ဘယ်လိုလုပ်မှာ"
"ငါကိုယ်တိုင်ပဲဖုန်းဆက်ပြီးတယ် မားလည်းကူပြောပေးတာပေါ့ကွာ အဲ့တာ လာမယ့်စနေနေ့ကျ သွားပြန်အပ်ရမှာ"
"မင်းလည်းနော် စိတ်မစားတော့လည်းမင်း စိတ်ဝင်စားပြန်တော့လည်းတစ်ခါတည်းခိုးခဲ့တယ် တကယ့်ကောင်"
"ဝိုင်းဖဲ့လို့ဝရင်လည်းပြန်ကြတော့ ခဏနေနိုးလာလို့မင်းတို့ကိုမြင်ရင်စိတ်ရှုပ်သွားမယ် "
"မင်းမမောင်းထုတ်လည်းပြန်မှာပါ အေ ဒါပေမယ့်ဝိုင်းဖို့တော့မမေ့နဲ့နော်ဟျောင့်"
"အဆင်ပြေရင်လုပ်ပေးမယ်ကွာ"
သုံးကောင်သားပြန်သွားတော့မှပဲခရာမီးဖိုချောင်ထဲဝင်သွား၏။ဒါပေမယ့်ခရာဘာစီစဉ်ပေးရမလဲမသိ။မနက်စာကိုထိုလူဘာစားတတ်သလဲခရာမသိ။ထိုလူ့အကြောင်းခရာလေ့လာရအုန်းမည်။
"ခရာ"
"ဟမ်...နိုးပြီလား "
"အင်း"
ရေချိုးပြီးခရာထုတ်ထားပေးသည့်အင်္ကျီဝတ်ထား၏။သွက်အင်္ကျီဝမ်းဆက်တွေမရှိသောကြောင့်ဇင်းကိုရှပ်အင်္ကျီနဲ့အိမ်နေဘောင်းဘီတွေမှာပြီးလာပို့ခိုင်းရသည်။ဆံပင်အရှည်တွေကိုထုံးထားပြီးခရာစားပွဲပေါ်တင်ထားသည့်ဇလပ်ပန်းကိုပန်ထားသည်။ခရာထိုလူ့အကြောင်းအနည်းငယ်သိသည်လေ။