Part-9

224 9 0
                                    

မနက်ခင်း လေ အေးက ကျမ မျက်နှာပေါ်..နှာဖျားနုနုပေါ်ကို ဖြေးဖြေးချင်း တိုးဝင်တိုက်ခက်နေတယ် ။
ဒီနေ့ မနက်မှ ရှမ်းပြည်ရဲ့ အအေးဓာတ်က တကယ့်ကိုချမ်းစိမ့်စိမ့်ပင် ။ လင်းကာစမို့ ထင်ရဲ့ မှောင်ရိပ်သည် သန်းနေဆဲ ။

အခု ကျမဘယ်နေရာကိုရောက်နေမှန်းမသိ....
ဘေးပတ်လည်မှာ နေကြာတွေ ဝန်းရံနေတာတော့သိသည် ။ အဲ့ထက် ဘာကိုမှမမြင်ရ မြူခိုးတွေသာရှိသည် ။

ရုတ်တရက် ကျမရဲ့ လည်စည်းပဝါအနီရောင် လေးက လေနဲ့အတူလွင့်ပါသွားတော့...ကျမနောက်မှပြေးလိုက်ရပြန်သည် ။

ကောင်မလေးတစ်ယောက်..ဂါဝန်အဖြူအတိုလေးနဲ့ကောင်မလေးတစ်ယောက်... .ကျောလည်လောက်ရှိသော ဆံနွယ်များကို ဖြန့်ကျက်ထားကာ ကျောပေး
ကာရပ်နေ သည် ။ ကျမရဲ့ပုဝါ အနီလေးကလဲသူမ
လက်ထဲသို့ စိုက်စိုက်မြိုက်မြိုက်ရောက်သွား ၏ ။

ကျမဘက်သို့ တစ်ဖြေးဖြေးလှည့်လာသော ထိုကောင်မလေးကို ကျမမြင်ဘူးသည် ။

ပါးရှပ်သော မျက်နှာသွင်ပြင် နဲ့ကောင်မလေးမှာ ကျမဆီသို့တစ်ဖြေးဖြေးလျှောက်လာကာ နီးလာလေလေ ကျမ ပို၍ သဲသဲကွဲကွဲ မြင်ရလေလေပင် ။ဟုတ်တယ် ...ပန်းလေး ဟိုနေ့ညက ကြောက်စရာသွင်ပြင်နှင့်ပန်းလေးမှာ...ယခုအခါတော့
ရွှန်းရွှန်းစားစားကြည်လင်သောပုံစံဖြင့် လှပသော ကောင်မငယ်လေးတစ်ယောက်ဖြစ်နေသည် ။

သူမ နေကြာများကိုတိုးဝေ့ကာယခုကျမရှေ့ပင်ရောက်လုပြီ..။

ကျမ ကို နူးနူးညံ့ညံ့ပြုံးပြပြီး ပုဝါအနီလေးအားကျမလက်ကိုယူ၍ ဖြေးညင်းစွာထည့်ပေးသည် ။ သို့သော် နွေးထွေးသောသူမလက်များဖြင့် ကျမလက်အားဆုပ်ကိုင်ထားဆဲပင် ။

ကျမနဲ့ အရပ် မတိမ်းမရိမ်း ဖြစ်သောသူမကပြုံး၍..

- အပေါင်းအပါတွေလားဟင်...
- ဘယ်လို! !

သူမဘာတွေမေးနေတာလဲ..သူမရုပ်မှာချက်ချင်းတည်တန့်သွားကာ..
- အပေါင်းအပါတွေလားးး

ထိုအခိုက်မှာဒေါသသံစွက်လာပြီး ကျမလက်ကိုကိုင်ထားသောသူမလက်များမှာလဲ ရေခဲတုန်းအလား....သူမမျက်လုံးများ လုံးဝအဖြူရောင်ဖြစ်သွားပြီ ။

Scarlet Area - ကတ္တီပါဧရိယာWhere stories live. Discover now