Part-16

204 8 0
                                    

21 days ago....

နေလွင်ပြောပြနေတာကို ရွှေရုပ် နားထောင်
ရင်း...နည်းနည်းတစ်မျိုးခံစားလာရတယ်... ဘေးက ခက်ညိုကတော့ သာမန်ပါဘဲ...ပန်းလေးကို
အပြစ်တင်နေရဲ့.။ဒါမဲ့ စိတ်မနှံ့တဲ့ ကလေးက အဲ့
လောက်ထိနားလည်နိုင်လား
ဆိုတာကို အကြိမ်ကြိမ်မေးခွန်း
ထုတ် နေမိတယ်..။

ဆောင်းကိုကြည့်တော့လဲ အတော်
ကိုငြိမ်သက်နေတာဘဲ....။

ဆောင်းဘာတွေးနေလဲဆိုတာကို
လဲ ရွှေရုပ် သိချင်တယ်...အတွေးတွေများ တူနေမလားဆိုတာကိုပေါ့..ဒါမဲ့ ဘာမှမေးလိုက်ချိန်မရှိ...ခက်ညို နာရီကြီးကြည့်ပြီး စျေးဘက်ဆွဲ ခေါ်သွားလိုက်တာ..ရွှေရုပ် လဲသူ့နောက် ယက်ကန်ယက်ကန်နဲ့ပါ
သွားရတော့ တာပါဘဲ....။

~~~~~~~~~~~~~~

now,
နေရောင်ခြည်မှာ ညနေစောင်းနေဝင်လုအချိန်ပင်ဖြစ်ရာ...ကျမ ကောင်းကင်ပေါ်သို့ နေမစူးဘဲသေချာစွာကြည့်နိုင်နေရဲ့...
ကျမ ဒီလိုဘဲလှဲနေတာကျမအထင်
နှစ်နာရီလောက်ရှိမယ်ထင်တယ်..
ဘေးကလူတွေ ကြည့်ရင်တော့ ကျမကိုတွေ့ရမယ်မထင်ဘူး..ကျမကနေကြာတွေထဲမြုတ်နေတာကို...

အင်း....အောက်ပြည်ပြန်ရောက်ရင် မိုးမခပင်ကြီးဆီကို အရင်သွားရမယ်....အခုလိုစိမ်းသက်သက်နေရာမှာ မပြောဖြစ်တဲ့ ခံစားချက်တွေကို တစ်ဝကြီးထုတ်ပြောချင်တယ်...။
နေကြာတွေပတ်လည်ဝိုင်းနေတဲ့
နေရာမှာ...တစ်ယောက်ထဲရှိနေလဲ ကျမစိတ်ထဲလုံခြုံမှုရှိမနေတာတော့အမှန်ဘဲ..။

ဒါမဲ့လဲ ဘာတတ်နိုင်မှာလဲကျမ ဘာကိုမှမမြင်ရ မကြားရ ဘဲအခုလိုလေးကောင်းကင် ပြာလဲ့လဲ့ကိုငေးကြည့် နေရတာက ပိုပြီးစိတ်ချမ်းသာ စရာကောင်းတာကို...။

အတွေးတွေက တစ်စ တစ်စနဲ့ အဓိပ္ပါယ်ပျောက်နေဆဲ  နွေနဲ့ ကျမက
ရော ဘာတွေဆက်ဖြစ်ကြဦးမှာလဲ...?။

************

အချိန်ကား ညနေစောင်းအချိန်ပင်ဖြစ်ပြီး...စိုင်းနောင်အား ဘုရားပန်းမှာဖို့ကျမ ထွက်လာရင်း ကော်ဖီခြံထဲကိုဖြတ်တော့ လူရိပ်လိုလိုဘာလိုလိုတွေ့လိုက်ရတယ်။

ထိုကျောပြင်နှစ်ခုကို ကျမ ရင်းရင်းနီးနီးမြင်ဘူးတယ်။ ခက်ညို တစ်ယောက်ထဲ စိတ်မချတာမို့ မြန်မြန်ပင်သွားမယ် စိတ်ကူးထားလဲ ထိုလူရိပ်နှစ်ခုကို ကျမအတော်ပင်ရင်းနီးနေတာမို့ ထိုနေရာမှာခနရပ်မိသွားရဲ့...။ ဆောင်း...အဲ့တာ ဆောင်းအလင်္ကာ မလား...သူရဲ့ကျောပြင်ကိုကျမအလွတ်ရတာပေါ့....ကျေးဇူး ပြုပြီးတစ်ခြားတစ်ယောက်ဖြစ်နေပါစေ..ကျေးဇူးပြုပြီး..


Scarlet Area - ကတ္တီပါဧရိယာWhere stories live. Discover now