Part-24

378 14 0
                                    

ကားအနီလေးမှာ လမ်းနံပါတ် 21 ကိုကျော်လွန်ပြီး လမ်းနံပါတ် 22 တွင်ရှိသော တစ်ထပ်တိုက်ကလေးအရှေ့သို့ ရပ်သွားသည်....။

ကားပေါ်မှ ကုတ်အင်္ကျီ နှင့် အမျိုးသမီးမှာ အိပ်အကြီးနှစ်အိပ်အား မနိုင့်တနိုင်ဖြင့် ဆွဲရင်း ထိုတစ်ထပ်တိုက် ကလေးအရှေ့တွင် ရပ်လိုက်၏ ။

ထို့နောက် တံခါးဘဲလ် အား တီးလိုက်သည်....။
တံခါး ဘဲလ်အား သုံးခါမြောက်တီးအပြီးတွင်
ဇရာပေါ်လွင်နေသော ဆံဖြူ များအား ခပ် မြင့်မြင့်ထုံးထားသည့်...အသက် 60 ကျော် 70 အရွယ်
အမျိုးသမီးကြီး တစ်ယောက်လာဖွင့်ပေး သည်...။

- အော် နွေဦးကဗျာဘဲ....လာလေ..။

အမျိုးသမီးကြီးမှာ ပါလာသည့် အိပ်များအား
စိတ်ပျက်သလို တစ်ချက်ကြည့်၍ ထိုသို့ပြောရင်းအိမ်ထဲသို့ပြန်ဝင်သွားသည်..။

နွေဦးလဲ အထဲသို့လိုက်ဝင်လိုက်ပြီး ဧည့်ခန်းရှိဆိုဖာပေါ်တွင်ထိုင်နေသော အမျိုးသမီးကြီးအား ကျော်ကာအနောက်တွင်ရှိသော အခန်းထဲသို့ဝင်သွား၏...။

ထို့နောက် ပါလာသည့် အိပ် နှစ်အိပ်ထဲမှာ
အသုံးအဆောင်တစ်ချို့နှင့် အဝတ်အစားတစ်ချို့ကိုထုတ်ကာ သူ့နေရာနှင့်သူ နေရာတကျ စီရီထားလိုက်သည်....။
ထို့နောက် ကုတင်ပေါ်တွင် ထိုင်လိုက်ကာ
အခန်းအား နွေဦး တစ်ချက်ဝေ့ကြည့်လိုက်၏..။

ဆောင်းရဲ့ ကျန်တဲ့ ပစ္စည်းတစ်ချို့ကိုတော့ ဖြည့်ပြီးသွားပြီ...။
ကျမနဲ့နောက်ဆုံး ခရီးထွက်ခဲ့စဥ်က
ယူခဲ့သည့် သူမရဲ့ အသုံးအဆောင်များကို
ကျမကိုယ်တိုင်ဘဲ ရှမ်းပြည်
သို့ နောက်တစ်ခေါက်ပြန်သွားယူပြီး သိမ်းထားခဲ့ကာယခုပြန်လာထားခြင်းပင်...။ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်....ဆောင်းဒီအိမ်သို့ ပြန်လာခဲ့သည်ရှိသော်...အဆင်ပြေ​ပြေ သုံးစွဲနိုင်ရန်အတွက်သာ....။

အခုချိန် ကျမကို မုန်းနေမည်လား စိတ်နာနေမည်
လား.....မဟုတ်လျှင်လဲ နှစ်ခုလုံးဘဲလား.....။

နွေဦး အခန်းထဲမှ ပြန်ထွက်လာလိုက်ပြီး ဧည့်ခန်းတွင်ထိုင်နေသော အမျိုးသမီးကြီး၏ ရှေ့တွင်ဝင်ထိုင်လိုက်သည်...။
အမျိုးသမီးကြီးမှာ ကော်ဖီသောက်မ
ပျက် ဖုန်းကြည့်မပျက်ပင်...။
နှုတ်ခမ်းနီရဲရဲများဖြင့် အမျိုးသမီးကြီး၏ သွင်ပြင်မှာ ခက်ထန်လှသည်...။

Scarlet Area - ကတ္တီပါဧရိယာWhere stories live. Discover now