အမှုန်သေးသေးလေး တစ်မှုန်စာမျှသာမက ဘာဆိုဘာမှ မရှိသော အဖြူရောင်ဟောခန်းမ အကျယ်ကြီးတွင်ဖြစ်ရာ...အပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်လွန်းလှသည်..။
- ခက်ညို
အနောက်မှ ရင်းနှီးသော ခေါ်သံကြောင့် ခက်ညိုလှည့်ကြည့်လိုက်တော့....ထဘီရင်ဖုံးအဖြူဝမ်းစပ်လေးနှင့် ရွှေရုပ်မှာ...လူကြီးဆန်ဆန်ဆံထုံးလေး ကိုပင်ထုံးထားသေးသည်...။ သူမကြည့်ရသည်မှာ နောက်ဆံတင်းစရာကြိုးလေးကို ဖြတ်ချမည့်ဟန်တူသည်။
ခက်ညို၏ အနားသို့ ဖြေးဖြေးချင်းလျှောက်လာပြီးလက်ကလေးအား ခပ်ဖွဖွ ဆုပ်ကိုက်ကာ...- ရွှေရုပ် ခက်ညိုကိုစိတ်ချချင်တယ်...ရွှေရုပ်ရဲ့
ခက်ညိုလေးက အချစ်ခံရဖို့ထိုက်တန်ပါတယ်....နောက်ကျရင်လေ နွေးထွေးနူးညံ့ပြီး
ခက်ညိုကို တကယ်တန်ဖိုးထား ချစ်တတ်တဲ့လူနဲ့လက်ထပ်ပါ.....ရွှေရုပ်ကိုမေ့ပြီး ပျော်စရာကောင်းတဲ့မိသားစုကိုဖန်တီးပါ ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းပေးပါ ရွှေရုပ်ရဲ့နောက်ဆုံးဆန္ဒအဖြစ် ကတိပေးမလားခက်ညို စိတ်ချသွားချင်တယ်..။ခပ်ညိုမှာမျက်ရည်စက်လက်ဖြင့် တွေတွေကြီးနားထောင်နေပြီးမှ မရဲတရဲ ခေါင်းငြိမ့်ပြလေ သည်။
ထိုသို့မှ ရွှေရုပ်သက်ပြင်းတစ်ချက်ချကာ...ဆုပ်ကိုင်ထားသောလက်များ အားလွှတ်ချပြီး
ခက်ညို၏အနားမှ လှည့်ထွက်နေတုန်း..- ရွှေရုပ်! !
ခက်ညို ၏ ခေါ်သံကြောင့်လှည့်ထွက်နေသော ရွှေရုပ်မှာ စိတ်ချမည်ပြောသော်လည်းစိတ်မချနိုင်သော
အရိပ်အယောင်များ မျက်နှာတွင်ပြည့်နှက်လျှက် လှည့်ကြည့်လာသည်..။
ခက်ညို ရွှေရုပ်၏ ဘေးသို့သွားလိုက်ပြီး ပခုံးလေးအားခပ်ဖွဖွဖက်ကာ....- လာ တို့တွေအတူတူသွားကြမယ်...။
အစတွင် ခက်ညို၏ စကားကိုနားမလည်သော်လည်း...နောက်တွင် နှစ်ယောက်သား မျက်ရည်များကြားမှပင် ရယ်မောလိုက်ကြသေးသည်။
ထို့နောက် ပခုံးလေးအား ခပ်ဖွဖွဖက်ရင်း တစ်ယောက်နှင့်တစ်ယောက် ရွှန်းရွှန်းစားစားကြည့်ရင်း
အဖြူရောင် ဟောခန်းမ ၏ လင်းလက်နေသော ထွက်ပေါက်သို့ ဝင်ရောက်သွားခဲ့ကြတော့သည်...။~~~~~~~~~~~~~~~~~~~
YOU ARE READING
Scarlet Area - ကတ်တီပါဧရိယာ
Mystery / Thrillerနူးညံ့တဲ့ ချစ်ခြင်းတစ်မျိုးမှာ မနူးညံ့ခြင်း အမျိုးအစားတွေရှိနေတတ်တာက ထူးဆန်းမနေဘူးလား...? မှားတယ် !! လူအချို့အတွက်ကြ ထူးဆန်းပြီး လူအချို့အတွက်ကြ သဘာဝဆန်သတဲ့...။ နွေဦး ကဗျာ - ကျမ ကျိန်ဆိုပါတယ် ကျမရဲ့ အသက်နဲ့ခန္ဓာမြဲနေသ၍ ကျမရှင့်ကို လိုက်ရှာမယ်ဆောင...