Part-6

274 10 0
                                    

- အဲ့တော့ ကိုမိုးယံက ကျမက အနုနည်းသုံးစေချင်တာလား..။

- ဆောင်းအင်္ကာ အဆင်ပြေသလိုပေါ့...ကိုယ်က ဖေဖေတို့ကို ဒီပြသနာကြီးကနေ ရုန်းပြီး အေးအေးဆေးဆေးလေးနေစေချင်ယုံဘဲ..။

-ဒါမဲ့အကို နွေဦးတို့ကို အကြောင်းကိစ္စအားလုံးကိုပြောပြမှရမယ် ပြသနာအကုန်လုံးပေါ့ ။

- အကိုပြောပြမယ်..ဒီလိုကွာ ဖေဖေတို့က ရှမ်းပြည်အစွန်မှာရှိတဲ့ ကင်းရမ် ရွာကို ပြောင်းသွားတာသိကြတယ်မလား...အဲ့မှာ ဖြစ်ချင်တော့ အဲ့ရွာမှာဘဲ ဆွေမျိုးမကင်း ...​ဖေဖေ့ ညီမရှိတယ် ဒေါ် ပန်းဖြူလို့ခေါ် တယ်..။

- မှာထားတဲ့ ကော်ဖီရပါပြီဗျ..

ရုတ်တရုတ် ဝိတ်တာကောင်လေးရောက်လာ၍ ပြောလက်စများတန့်သွားသည် ။

- ဆက်ပါဦးအကို..။( နွေဦး ဝင်၍ထောက်သည်)
- အဲ့ဒေါ်ပန်းဖြူက စိတ်မနှံတဲ့ သမီးလေးနဲ့ အဲ့ရွာမှာ အတူတူနေကြတယ်... အဲ့ကလေးမလေး နာမည်ကပန်းလေးတဲ့16 နှစ်လောက်လေး...ပြီးတော့ အရမ်းလဲဆင်းရဲကြတယ်လို့ပြောတယ်....တစ်နေ့လုတ်တောင်တစ်နေ့မစားရတဲ့ ဘဝမျိုးတွေဘဲ....အဲ့မှာ ဖေဖေက သူ့ညီမအဲ့လိုဖြစ်နေတာမမြင်ရက်လို့ အိမ်ခေါ်ထားလိုက်တာ....ဖေဖေအဲ့လိုလုတ်တာမှားတာဘဲဗျာ...ဆင်းရဲတဲ့လူတွေ စရိတ္တ မကောင်းကြတာကိုသတိမထားမိခဲ့ကြတာ...။

နောက်ဆုံးစကားတွင်..နွေဦးနှင့်ဆောင်းတို့ မိုးယံအား လူ့ဂွစာ လူအားကြည့်နေ ရသလိုမျိူးကြည့်နေလိုက်သည် ။

- တစ်ရက်ကြ အဲ့သားမိက ကျနော့်ညီကို မတော်မတရား ​ကြံတဲ့ မဒိန်းကောင်လို့စွတ်စွဲတယ် ကျနော်တို့ကသဘောမကောင်းနိုင်တောင် ယုတ်မာမဲ့လူတန်းစားတွေတော့ မဟုတ်ဘူး ကျနော်ပြောရဲတယ်...အဲ့ဒီမာ သူတို့အချေအတင်စကားများကြတဲ့ ဝရံတာမာဘဲမတော်တဆ
ခုန်ချသလိုဖြစ်သွားတယ်။
သားမိနှစ်ယောက် နေရာမှာပွဲချင်းပြီးဘဲ ။ ပြသနာတွေက အဲ့ကစတာ သူတို့ကဗျာ အသက်ရှင်တုန်းက ဒုက္ခပေးရတာ အားမရလို့ သေတော့လဲ ဆက်ဒုက္ခပေးနေတုန်း...လပြည့်နေရောက်တိုင်း အိမ်မာပေါ်ပေါ်လာပြီး ဖေဖေတို့ကို သတ်မယ်လို့လာခြိမ်းခြောက်နေတယ်တဲ့လေ..အတော်စိတ်ပျက်စရာကောင်းတာ..။
ဒါပါဘဲ...အကိုပြောချင်တာကတော့...အကို့ကိုတက်နိုင်သလောက်ကူညီပေးကြပါ ။ ဉာဏ်ပူဇော်ခဘာညာလိုရင်လဲ..

Scarlet Area - ကတ္တီပါဧရိယာWhere stories live. Discover now