နွဦေး အခန်းရှေ့ဝရံတာတွင်ခနထွက်နေတုန်း...ဆောင်းတို့ ပြန်အလာကိုတွေ့လိုက်ရသည်။
လှမ်းခေါ်မည်အလုတ် ကိုမိုးယံနဲ့ပြောနေသောကြောင့် မခေါ်ဖြစ်ဘဲ အခန်းထဲသို့သာပြန်ဝင်လာခဲ့ ရဲ့။- ဟော...ဆောင်းတို့ပြန်လာကြပြီလား..။
- ဟုတ်တယ် ကိုမိုးယံ ။
- အဆင်ပြေခဲ့ကြရဲ့လား လင်းစီကိစ္စက အကိုအခုဘဲလိုက်လာတော့မလို့ဘဲ ။- အကုန်အဆင်ပြေပါတယ်ကိုကြီး ကျနော်တို့အကုန် သေချာ စီမံခဲ့ပါတယ်..။
နေလွင် ဝင်ပြောခြင်းဖြစ် သည် ။ ဆောင်းအလင်္ကာ စိတ်ထဲမှာတော့...
( ဘာလို့ အကုန်အဆင်ပြေရတာလဲ မပြေဘူးလေလင်းစီဝိဉာဉ်ကိုမတွေ့ခဲ့ဘူး ပြီးတော့ နေလွင်ကဘာလို့ရှာချင်တာကိုလဲမပြောဘူး...ကျမအထင်တော့ လင်းစီနောက်ဆံမတင်းရအောင် ပြောစရာရှိတာပြောခိုင်းရအောင်လို့ဘဲထင်ပါတယ် )
- ကဲ သွားနားကြပါ" ခက်ညိုရော ဆောင်းရော ကူညီတဲ့အတွက် ကျေးဇူးပါနော်....။ နေလွင်က အကိုနဲ့ လိုက်ခဲ့..။
- ရပါတယ် ကိုမိုးယံ ။
ဆောင်းနဲ့ ခက်ညိုတို့ နားမှ မိုးယံတို့ထွက်လာကြပြီး...လူရှင်းသောတစ်နေရာတွင်..
- လင်းစီကိစ္စက အကုန်အဆင်ပြေတာသေချာရဲ့လား နေလွင် မင်းငါ့ကိုဖုံးကွယ်ထားတာရှိလား?
- မရှိပါဘူး ကိုကြီး မရှိပါဘူး ကျနော်အကုန် စီမံပေးခဲ့ပါတယ်...။
- အေးပါ အာ့ဆိုလဲ ။~~~~~~~~~~~~~~~~~
- နွေ ဟိတ်..။
နွဦေးမှာ စာဖတ်နေရာမှ ခေါ်သံကြား၍ လှည့်ကြည့်လိုက်ကာ...
- အော် ဆောင်းပြန်ရောက်ပြီဘဲ အောက်ထပ်မှာ ကိုမိုးယံနဲ့ ဘာတွေပြောနေကြတာလဲ ?
ဆောင်း နွေ့ဘေးရှိ ကုတင်ပေါ်တွင် ပစ်လဲကာ ပက်လက်အနေအထားဖြင့်..
- လင်းစီကိစ္စ ပေါ့ အဆင်မပြေသလိုလိုပြေသလိုလိုမကြောင်းကို...။
- ဘာကို..
- ဘာမှမဟုတ်ပါဘူး ထားပါ ။
- အင်း..အင်းပါ..။နွေ ( ဆောင်း ဘယ်လိုဖြစ်နေလဲမသိဘူး အခုရက်ပိုင်းတစ်မျိုးဘဲ. ငါဘဲအတွေးလွန်နေတာလား...)
YOU ARE READING
Scarlet Area - ကတ်တီပါဧရိယာ
Misterio / Suspensoနူးညံ့တဲ့ ချစ်ခြင်းတစ်မျိုးမှာ မနူးညံ့ခြင်း အမျိုးအစားတွေရှိနေတတ်တာက ထူးဆန်းမနေဘူးလား...? မှားတယ် !! လူအချို့အတွက်ကြ ထူးဆန်းပြီး လူအချို့အတွက်ကြ သဘာဝဆန်သတဲ့...။ နွေဦး ကဗျာ - ကျမ ကျိန်ဆိုပါတယ် ကျမရဲ့ အသက်နဲ့ခန္ဓာမြဲနေသ၍ ကျမရှင့်ကို လိုက်ရှာမယ်ဆောင...